Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၇။
ကရင်ငြိမ်းချမ်းရေးနဲ့ စိတ်ဓာတ်ရေးရာတည်ဆောက်ရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ (၇၁)ကြိမ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
သူ့ရဲ့သဝဏ်လွှာထဲမှာ ကရင်ပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ငြိမ်းချမ်းရေးဟာ အခြေခံကျကြောင်းနဲ့အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုတွေကိုအခြေခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးတက်အောင် ဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာစေဖို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒါပေမယ့်အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းရှိ ကျေးရွာတွေနဲ့အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေပါတယ်။
အဲဒီလိုမြေပြင်အရပ်သားတွေကို လေ ကြောင်းတိုက်ခိုက်နေပြီး သဝဏ်လွှာထဲမှာ ငြိမ်းချမ်းရေးအကြောင်း ပြောနေတာဟာ စစ်တပ်ရဲ့ ဟန်ပြဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ပြည်သူတွေဝေဖန်ကြပါတယ်။










