Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၆။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ဖြည့်စွက်ရမယ့် အချက် ၄၃ ချက်ကိုလေ့လာသုံးသပ်ပြီး ဥပဒေကြမ်း ပြုစုဖို့ ပူးပေါင်းကော်မတီဖွဲ့စည်းရေးကို အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အဆိုကို ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်ခုနှစ်မှ ဦးဇင်မင်းထက်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့တာပါ။
ပြင်ဆင်ရေးထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် ၄၃ ချက်အပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း တစ်၊ နှစ် နဲ့ သုံး ပါ အချက်တွေကိုပါ ထည့်သွင်း လေ့လာသုံးသပ်သွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ထွက်
ပေါက်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုံစံပြ ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံရေး စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အားလုံးဟာ တရားမဝင်ဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားကြပါတယ်။







