Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊လေးမြို့ချောင်းဒေသ၊အင်းရှည်ကျေးရွာမှာ စက်တင် ဘာလ ၂ ရက်နေ့က အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲစစ်မှုထမ်းခေါ်ယူခံလိုက်ရတဲ့ သက္ကမလူမျိုးလူငယ်တွေကို မိဘတွေဆီပြန်အပ်နှံပေးဖို့ မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်။ အဲဒီအင်းရှည်ကျေးရွာက အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် စုစုပေါင်းသုံးဆယ့်ခြောက်ဦးကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာဖြစ်ပြီး အဲဒီအထဲမှာကျန်းမာရေးမကောင်းသူတွေနဲ့ စစ်မှုထမ်းအကျုံးမဝင်သူတွေပါဝင်နေတယ်လို့...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၁။ နိုင်ငံတကာစံနှုန်းတွေနဲ့ ထွက်ခွာမှုပိတ်ပင်ခြင်း နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL)ဖြစ်တဲ့ ဂျီနီဗာကွန်ဗင်းရှင်း(Gen eva Conventions)တွေအရ စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေမှာ အရပ်သားနဲ့ စစ်ဘက်ပစ်မှတ်ကိုခွဲခြားတာ၊အချိုးအစားမျှတမှုရှိစေတာနဲ့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်တာဆိုတဲ့ အဓိကအခြေခံမူသုံးခုရှိပါတယ်။ နောက်ပိုင်းမှာတော့"မလိုအပ်ဘဲ ပိုမိုဆင်းရဲဒုက္ခမရောက်စေတာ"ဆိုတဲ့အချက်ကို ထည့်သွင်းတာရှိပါတယ်။...
Read moreBorder News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ဟာ စစ်ရေးနဲ့အုပ်ချုပ်ရေး ကဏ္ဍနှစ်ခုစလုံးမှာချုပ်ကိုင်မှုအားကောင်းတဲ့ ဗဟိုဦးစီးစနစ်ကိုအခြေခံပြီး အဖွဲ့အစည်းကို စနစ်တကျတည်ဆောက်ထားတယ်လို့ ISP-Myanmar ရဲ့ သုတေသန အချက်အလက်တွေကဆိုပါတယ်။ ULA/AAဟာ လက်ရှိမှာ ပလက်ဝဒေသနဲ့ အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး...
Read moreBorder News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာ မြောက်ဦးခရိုင်ဟာ တရားစီရင်ရေး၊လုံခြုံရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေ အားအကောင်းဆုံးစနစ်တကျ လည်ပတ်နေတဲ့ခရိုင်ဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုဖွဲ့စည်းကာ ခရိုင်အလိုက်အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေတာဖြစ်ပါတယ်။ အဲဒီလိုလည်ပတ်ရာမှာမြောက်ဦးခရိုင်အတွင်း...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ မြောက်ဦးခရိုင်မှာထောက်ခံစာတွေ လိမ်လည်တောင်းယူပြီးပြည်ပကိုထွက်ဖို့ ကြိုးစားခဲ့သူခုနှစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိန်းသိမ်းစိစစ်ပြီးနောက် စက်တင်ဘာလ၉ ရက်နေ့မှာ မိဘတွေဆီပြန်လွဲပေးခဲ့ပါတယ်။ ပြန်လွှဲခံရသူတွေထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦးစုစုပေါင်း ခုနှစ်ဦးပါဝင်ပြီး အဲဒီသူတွေဟာသက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီက ထောက်ခံစာတွေလိမ်ယူကာ နယ်စပ်ကို...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ အာရက္ခပြည်စာရေးဆရာအသင်း(ဗဟို)နဲ့ သက်လူမျိုးစာပေနဲ့ ယဉ်ကျေးမှုကော်မတီတို့ဟာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့် စာပေနဲ့ ယဉ်ကျေးမှုရေးရာကိစ္စရပ်တွေကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲကို တာဝန်ရှိသူအယောက်နှစ်ဆယ်နီးပါးတက်ရောက်ခဲ့ကြပြီး သက်လူမျိုးတွေရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ စာပေ၊ယဉ်ကျေးမှုနဲ့...
Read moreBorder News Agencyမြောက်ဦး၊စက်တင်ဘာ ၉။ တဖက်စောင်းနင်းအနိုင်ကျင့်ဝါဒ ဥပဒေတရပ်ကိုအကောင်အထည်ဖော်တဲ့အခါ အဲဒီဥပဒေထဲမှာပေးထားတဲ့ အကာအကွယ်တွေ၊ဝန်ဆောင်မှုတွေစတဲ့(Protective And Service function) ဆိုတာရှိပါတယ်။ လူတဦးချင်းစီရပိုင်ခွင့်ဖြစ်တဲ့ အဲဒီအကာအကွယ်တွေ၊ဝန်ဆောင်မှုတွေကိုလျစ်လျူရှုပြီး လူထုကိုထိန်းချုပ်ဖို့၊ ပြစ်ဒဏ်ပေးဖို့(Coercive And Punitive function)ကိုသာကွက်ပြီး ဖော်ဆောင်နေတဲ့အခြေအနေကို...
Read moreမင်းသုရေးပါတယ်။ Border News Agencyမြောက်ဦး၊စက်တင်ဘာ ၈။ စစ်ပွဲရဲ့မီးဟုန်းဟုန်းတောက်လောင်နေတဲ့အရိပ်မည်းအောက်မှာ စစ်ဘေးနဲ့ဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံနေကြရတဲ့အထဲကအရဲရင့်ဆုံး၊ အလွယ်ကူဆုံးသားကောင်ဖြစ်နေကြရသူတွေကတော့ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေပဲဖြစ်ပါတယ်။ အာရက္ခဒေသစစ်ရေးနဲ့အုပ်ချုပ်ရေးအပြောင်းအလဲတွေကြားမှာ တရားဥပဒေစိုးမိုးမှုလစ်ဟာနေချိန်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အဓမ္မပြုကျင့်မှုတွေနဲ့သတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ပိုဆိုးအမြစ်တွယ်လာနေပါတယ်။ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှ ဩဂုတ်လထိရှစ်လတာကာလအတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေမှာ မုဒိမ်းမှုနဲ့သက်ငယ်မုဒိမ်းမှုအနည်းဆုံးဆယ့်လေးခုရှိခဲ့ပါတယ်။...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၈။ အာရက္ခဒေသရဲ့လူမှုစီးပွားဘဝနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုကြည့်တဲ့အခါ အဲဒီလူမှုစီးပွားဘဝအကျပ်အတည်းဒုက္ခတွေကို အုပ်ချုပ်သူတွေကပြန်အမြတ်ထုတ်အသုံးချပြီး လူထုလည်မြိုကိုဆောင့်နင်းနေတာကိုတွေ့ရမှာပါ။ အာဏာသိမ်းစစ်တပ်ကတော့ ဖြတ်လေးဖြတ်ဗျူဟာနဲ့လူထုကိုပါ အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးထားပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြသူတွေဆီကိုမရောက်အောင်တားဆီးကန့်သတ်ထားသလို အရပ်ဘက်၊စစ်ဘက်မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။ ULA/AAက အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ဥပဒေမဲ့မှုတွေကိုအကြောင်းပြပြီး သူရဲ့နိုင်ငံရေးအာဂျင်ဒါအတွက်...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ကုလားပုန်းတာတမံဟာ သြဂုတ်လ နောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းလို့ ရေတံခါးကတဆင့် မြစ်ရေဝင်ရောက်ခဲ့တာကြောင့် စပါးခင်းဧကတထောင်ကျော် ပျက်စီးသွားခဲ့တယ်လို့ လယ်သမားတွေကဆိုကြပါတယ်။ အဲဒီကုလားပုန်းတာတမံမှာ မိုးစပါးစိုက်ဧကရှစ်ထောင်ခုနှစ်ရာငါးဆယ်ခန့်ရှိပြီး တာတမံအတွင်းနတ်ချောင်းရွာဟောင်း၊နတ်ချောင်းရွာသစ်၊ဂျင်ချေ၊ညောင်ပင်လယ်နဲ့ဇီးပင်ကြီးစတဲ့ ကျေးရွာငါးရွာရှိနေပါတယ်။ "ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်မှာ...
Read moreHey! Don't Copy my content.