Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ရှိငွေတောင်ပေါက်တံတား အနီးသို့ နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ ညနေ ၅ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦး၊စုစုပေါင်း အရပ်သား လေးဦး သေဆုံးကာလေးဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားရှိ လူနေအိမ်တလုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီကျောက်တော်မြို့နယ်ရှိ ယိုးချောင်းတံတားကိုလည်း ဒီနေ့ ညနေက အာဏာသိမ်းစစ်တပ်ကလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူခုနှစ်ဦးထက်မနည်း သေဆုံးပြီးဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲဒီမြောက်ဦးမြို့နယ် ဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုဆက်လက် စုံစမ်းနေပါတယ်။










