Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရှိ ကန်ဇောက်တပ်ရင်းဟောင်းကို နိုဝင်ဘာလ ၁ ရက်၊ဒီ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ကန်ဇောက်တပ်ရင်းဟောင်းနဲ့ ချောင်းတူကျေးရွာအနီးရှိတောင်တန်းတွေကိုလည်း ဒီနေ့ ညနေ ၅ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအတိအကျနဲ့ လူအထိအခိုက်ရရှိမှု အခြေအနေတွေကို Border News Agency က ဆက်လက်စုံစမ်းနေပါတယ်။










