Border News Agency
ဘန်ကောက်၊ နိုဝင်ဘာ ၁။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ဒင်ဒန်းမြို့နယ်ရှိ အခန်းတခုမှာ အသက်နှစ်ဆယ်အရွယ် ထိုင်းအမျိုးသမီးတဦး သေဆုံးမှုနဲ့ပတ်သက်လို့ သံသယရှိသူအသက် နှစ်ဆယ့်သုံးနှစ်အရွယ် မြန်မာအမျိုးသားတဦးကို အောက်တိုဘာလ ၃၁ ရက်နေ့က အယုဒ္ဓယမြို့ မှာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
သေဆုံးသူအမျိုးသမီးကို ဖုန်းဆက်သွယ်လို့မရတာကြောင့် မိခင်နဲ့ယောက်ဖဖြစ်သူတို့က အခန်းသို့လာရောက်ကြည့်ရှုရာမှ သေဆုံးနေတာကို စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
CCTV မှတ်တမ်းတွေအရ မြန်မာအမျိုးသားဟာ သေဆုံးသူအမျိုးသမီး မရောက်ရှိမီအခန်းအတွင်းကြိုတင် ဝင်ရောက် ပုန်းအောင်းနေခဲ့ပြီး ပြစ်မှုကျူးလွန်ပြီးနောက် ကန်ဖန်ဖက်သို့ ထွက်ပြေးဖို့ မိုချစ်ကားဂိတ်သို့ သွားရောက်ခဲ့တာကို တွေ့ရှိခဲ့ရတာပါ။
ဖမ်းဆီးရမိသူ မြန်မာအမျိုးသားဟာ မူးယစ်ဆေးဝါးသုံးစွဲထားပြီး အခန်းအတွင်း ပုန်းအောင်းနေချိန် အမျိုးသမီး ပြန်လာချိန်မှာ စကားများ ရန်ဖြစ်ရာမှ လည်ပင်းညှစ် သတ်ဖြတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ဆီ ဝန်ခံထားပါတယ်။








