Border News Agency
ကော့ဘဇား၊နိုဝင်ဘာ ၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ တက္ကနက်မြို့နယ်၊စင်တော်မာန်ကျွန်းရဲ့ အနောက်မြောက်ဘက် ပင်လယ်မှာ ဘိလပ်မြေတွေနဲ့အတူ မှောင်ခိုသမားဆယ့်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီပင်လယ်ပြင်မှာ သံသယဖြစ်ဖွယ် မော်တော်ဘုတ်တစီးကို တွေ့တာမို့ နိုဝင်ဘာလ ၂ ရက်၊ဒီနေ့ နေ့လည် ၃ နာရီအချိန်ခန့်က ဖမ်းဆီးခဲ့တာပါ။
အဲဒီမော်တော်ဘုတ်ကိုရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့ပေမယ့် ထွက်ပြေးဖို့ ကြိုးစားခဲ့တာမို့ပင်လယ်ပြင်မှာ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီဘုတ်ကို ဝင်ရှာရာမှာဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးတာကာသုံးသိန်းခုနှစ်သောင်းငါးထောင်ခန့်တန်ဖိုးရှိ တရားမဝင်ဘိလပ်မြေကီလိုဂရမ်သုံးသောင်းခုနှစ်ထောင့်ငါးကိုသိမ်းမိခဲ့ပြီး မှောင်ခိုတင်ဆောင်လာတဲ့ တရားခံဆယ့်နှစ်ဦးနဲ့အတူ ဘုတ်တစီးကိုဖမ်းမိခဲ့တာပါ။
အဲဒီမှောင်ခိုဘိလပ်မြေတွေ၊ဘုတ်နဲ့ တရားခံဆယ့်နှစ်ဦးကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ပါတယ်။






