Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၂။
အာရက္ခဒေသ၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီစနဲမင်းပြင်ကျေးရွာအနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်က အာဏာသိမ်းစစ်တပ်မှဂျိုင်ရိုကော်ပတာတစီးနဲ့ ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုမှာစစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ် ရာရသွားခဲ့ကာ စစ်ဘေးရှောင်နေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် နွားတကောင်သေဆုံးခဲ့ပြီး နောက်တကောင်မှာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။
















