Border News Agency
ကျောက်တော်၊နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်ရှိ ယိုးချောင်းတံတားကို နိုဝင်ဘာလ ၁ ရက်၊ဒီ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေ-ရန်ကုန်အဝေးပြေးလမ်းမပေါ်၊ ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကြားရှိ ယိုးချောင်းတံတားကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာအရပ်သား ခုနှစ်ဦးသေဆုံးပြီး စျေးရောင်းစျေးဝယ်လုပ်နေတဲ့ အရပ်သားဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့ပေါ်ကိုလည်း ဒီနေ့ ညနေ ၅ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ ယိုးချောင်းတံတားလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးတဲ့စာရင်းတွေနဲ့အခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။
















