Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ ညနေပိုင်းမှာအာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
မြောက်ဦးမြို့ရှိ၊ ငွေတောင်ပေါက်ဘက်ကို ဒီနေ့ ည ၅ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒွကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိတောင်တန်းတွေကိုလည်း ဒီနေ့ ညနေ ၅ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာအတိအကျနဲ့ လူအထိအခိုက်ရရှိမှု အခြေအနေတွေကို Border News Agency က ဆက်လက်စုံစမ်းနေပါတယ်။









