Border News Agencyမြောက်ဦး၊စက်တင်ဘာ ၁၁။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာ မြောက်ဦးခရိုင်ဟာ တရားစီရင်ရေး၊လုံခြုံရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေ အားအကောင်းဆုံးစနစ်တကျ လည်ပတ်နေတဲ့ခရိုင်ဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက်ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုဖွဲ့စည်းကာ ခရိုင်အလိုက်အုပ်ချုပ်ရေးယန္တရားတွေကို စတင်လည်ပတ်နေတာဖြစ်ပါတယ်။ အဲဒီလိုလည်ပတ်ရာမှာမြောက်ဦးခရိုင်အတွင်း...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ မြောက်ဦးခရိုင်မှာထောက်ခံစာတွေ လိမ်လည်တောင်းယူပြီးပြည်ပကိုထွက်ဖို့ ကြိုးစားခဲ့သူခုနှစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိန်းသိမ်းစိစစ်ပြီးနောက် စက်တင်ဘာလ၉ ရက်နေ့မှာ မိဘတွေဆီပြန်လွဲပေးခဲ့ပါတယ်။ ပြန်လွှဲခံရသူတွေထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦးစုစုပေါင်း ခုနှစ်ဦးပါဝင်ပြီး အဲဒီသူတွေဟာသက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီက ထောက်ခံစာတွေလိမ်ယူကာ နယ်စပ်ကို...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၁၀။ အာရက္ခပြည်စာရေးဆရာအသင်း(ဗဟို)နဲ့ သက်လူမျိုးစာပေနဲ့ ယဉ်ကျေးမှုကော်မတီတို့ဟာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့် စာပေနဲ့ ယဉ်ကျေးမှုရေးရာကိစ္စရပ်တွေကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲကို တာဝန်ရှိသူအယောက်နှစ်ဆယ်နီးပါးတက်ရောက်ခဲ့ကြပြီး သက်လူမျိုးတွေရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ စာပေ၊ယဉ်ကျေးမှုနဲ့...
Read moreBorder News Agencyမြောက်ဦး၊စက်တင်ဘာ ၉။ တဖက်စောင်းနင်းအနိုင်ကျင့်ဝါဒ ဥပဒေတရပ်ကိုအကောင်အထည်ဖော်တဲ့အခါ အဲဒီဥပဒေထဲမှာပေးထားတဲ့ အကာအကွယ်တွေ၊ဝန်ဆောင်မှုတွေစတဲ့(Protective And Service function) ဆိုတာရှိပါတယ်။ လူတဦးချင်းစီရပိုင်ခွင့်ဖြစ်တဲ့ အဲဒီအကာအကွယ်တွေ၊ဝန်ဆောင်မှုတွေကိုလျစ်လျူရှုပြီး လူထုကိုထိန်းချုပ်ဖို့၊ ပြစ်ဒဏ်ပေးဖို့(Coercive And Punitive function)ကိုသာကွက်ပြီး ဖော်ဆောင်နေတဲ့အခြေအနေကို...
Read moreမင်းသုရေးပါတယ်။ Border News Agencyမြောက်ဦး၊စက်တင်ဘာ ၈။ စစ်ပွဲရဲ့မီးဟုန်းဟုန်းတောက်လောင်နေတဲ့အရိပ်မည်းအောက်မှာ စစ်ဘေးနဲ့ဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံနေကြရတဲ့အထဲကအရဲရင့်ဆုံး၊ အလွယ်ကူဆုံးသားကောင်ဖြစ်နေကြရသူတွေကတော့ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေပဲဖြစ်ပါတယ်။ အာရက္ခဒေသစစ်ရေးနဲ့အုပ်ချုပ်ရေးအပြောင်းအလဲတွေကြားမှာ တရားဥပဒေစိုးမိုးမှုလစ်ဟာနေချိန်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊အဓမ္မပြုကျင့်မှုတွေနဲ့သတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ပိုဆိုးအမြစ်တွယ်လာနေပါတယ်။ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှ ဩဂုတ်လထိရှစ်လတာကာလအတွင်း အာရက္ခတပ်တော်(AA)ထိန်းချုပ်မြို့နယ်တွေမှာ မုဒိမ်းမှုနဲ့သက်ငယ်မုဒိမ်းမှုအနည်းဆုံးဆယ့်လေးခုရှိခဲ့ပါတယ်။...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၈။ အာရက္ခဒေသရဲ့လူမှုစီးပွားဘဝနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုကြည့်တဲ့အခါ အဲဒီလူမှုစီးပွားဘဝအကျပ်အတည်းဒုက္ခတွေကို အုပ်ချုပ်သူတွေကပြန်အမြတ်ထုတ်အသုံးချပြီး လူထုလည်မြိုကိုဆောင့်နင်းနေတာကိုတွေ့ရမှာပါ။ အာဏာသိမ်းစစ်တပ်ကတော့ ဖြတ်လေးဖြတ်ဗျူဟာနဲ့လူထုကိုပါ အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးထားပါတယ်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြသူတွေဆီကိုမရောက်အောင်တားဆီးကန့်သတ်ထားသလို အရပ်ဘက်၊စစ်ဘက်မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။ ULA/AAက အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ဥပဒေမဲ့မှုတွေကိုအကြောင်းပြပြီး သူရဲ့နိုင်ငံရေးအာဂျင်ဒါအတွက်...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ကုလားပုန်းတာတမံဟာ သြဂုတ်လ နောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းလို့ ရေတံခါးကတဆင့် မြစ်ရေဝင်ရောက်ခဲ့တာကြောင့် စပါးခင်းဧကတထောင်ကျော် ပျက်စီးသွားခဲ့တယ်လို့ လယ်သမားတွေကဆိုကြပါတယ်။ အဲဒီကုလားပုန်းတာတမံမှာ မိုးစပါးစိုက်ဧကရှစ်ထောင်ခုနှစ်ရာငါးဆယ်ခန့်ရှိပြီး တာတမံအတွင်းနတ်ချောင်းရွာဟောင်း၊နတ်ချောင်းရွာသစ်၊ဂျင်ချေ၊ညောင်ပင်လယ်နဲ့ဇီးပင်ကြီးစတဲ့ ကျေးရွာငါးရွာရှိနေပါတယ်။ "ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်မှာ...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ကုလားပုန်းတာတမံဟာ မိုးအဆက်မပြတ် ရွာသွန်းချိန် ရေတံခါးကတဆင့် မြစ်ရေဝင်ရောက်ခဲ့တာကြောင့် စပါးခင်းဧကတထောင်ကျော်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီစပါးခင်းတွေပျက်စီးမှုဟာ ရေတံခါးမှာ ငါးပုဇွန်ဖမ်းသူတချို့က မြစ်ရေသွင်းခဲ့တာကြောင့်ဖြစ်ပြီး တိုက်နယ်ပါတီဥက္ကဋ္ဌရဲ့ကွင်းဆင်းမှာကြားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ကစလို့...
Read moreBorder News Agencyမြောက်ဦး၊ သြဂုတ် ၇။ အာရက္ခဒေသရဲ့စီးပွားရေးပြိုလဲမှုတွေဟာ လူမျိုးစုဆိုင်ရာလွှမ်းမိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပြီး အာရက္ခဒေသရဲ့သရုပ်လက္ခဏာမတူသူတွေကို ထိခိုက်မှုတွေရှိနေသလို လူ့အဖွဲ့အစည်းအတွင်း ဆက်ဆံရေးတွေဟာလည်း အရင်ကထက်ပိုပြီးစိုးရိမ်စရာတွေရှိလာနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။ အဲဒီပဋိပက္ခအခြေအနေတွေ ပိုဆိုးလာတာနဲ့အရင်းအမြစ်တွေ၊အခွင့်အလမ်းတွေလည်း ပျောက်ကွယ်သွားပြီဖြစ်သလို ဒါတွေဟာ...
Read moreBorder News Agencyမြောက်ဦး၊ စက်တင်ဘာ ၆။ မြောက်ဦးမြို့နယ်နဲ့ပလက်ဝမြို့နယ်မှ ပြည်ပသို့အလုပ်လုပ်ဖို့အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်လူပို့ပေးနေတဲ့ အမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ဩဂုတ်လ ၃၀ ရက်နေ့မှာ အမှုဖွင့်အရေးယူထားပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူတွေမှာ မြောက်ဦးမြို့နယ်အိုးထိမ်းကျေးရွာမှ အသက်သုံးဆယ်အရွယ်ယဉ်ယဉ်ဝင်းနဲ့ပလက်ဝမြို့နယ်၊ဟုန်းကျေးရွာမှ...
Read moreHey! Don't Copy my content.