Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၇။

​မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၆ ရပ်တည်နေပြီး စိုးရိမ်စရာအနီရောင်အဆင့်သတ်မှတ်ခံထားရတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ဆိုပါတယ်။

​မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အရှိန်အဟုန်နဲ့ကိုကျဆင်းနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊မေလ ၃ ရက်နေ့က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ လွတ်လပ်တဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ပါတယ်။

​၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလမှာထုတ်ပြန်တဲ့ အသံအဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စစ်တမ်းထဲမှာ ရခိုင်ဒေသထဲကဖြေဆိုပေးခဲ့သူဟာ တဦးသာရှိခဲ့တယ်လို့လည်းဆိုပါတယ်။

အသံအဖွဲ့ကတော့ သူ့ရဲ့စစ်တမ်းထဲမှာ ဒါဟာရခိုင်ဒေသထဲ အင်တာနက်ကိုလက်လှမ်းမမီ လူတိုင်းမသုံးနိုင်တာကြောင့်လို့ဆိုပါတယ်။

​အဲဒီအစီရင်ခံစာထဲမှာ မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG စတဲ့ အုပ်ချုပ်သူအမျိုးမျိုးဟာ လွတ်လပ်စွာပြောဆိုခွင့်အပေါ်မှာ အကာအကွယ်မပေးကြဘူးလို့လည်း ဆိုပါတယ်။

​ဆက်သွယ်ရေးပြတ်တောက်အောင် မြန်မာစစ်တပ်က အဓိကထားပြီးလုပ်နေပေမယ့် သတင်းထောက်တွေနဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဖိနှိပ်ချုပ်ခြယ်တာ၊ကန့်သတ်ပိတ်ပင်တာတွေကို မြန်မာစစ်တပ်အပြင် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကပါ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးလုပ်နေကြပါတယ်။

​တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိုအကြောင်းပြပြီး လွတ်လပ်စွာထုတ်ဖော်မှုတွေကို လက်တွေ့ကန့်သတ်တာ၊ ဥပဒေအရကန့်သတ်တာတွေလုပ်နေတယ်လို့လည်း အသံအဖွဲ့ရဲ့စစ်တမ်းကဆိုပါတယ်။

​အသံအဖွဲ့ရဲ့စစ်တမ်းဟာ ၂၀၂၅ ခုနှစ်က ကောက်ယူခဲ့တဲ့ အချက်အလက်တွေကိုထုတ်ပြန်ခဲ့တာပါ။

ရခိုင်ဒေသက ဖြေဆိုသူတဦးသာရှိနေရတဲ့ အကြောင်းတရားဟာ အင်တာနက်လက်လှမ်းမမီနိုင်မှုတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

​စတားလင့်တွေသုံးခွင့်မရခင်ကပင် ရခိုင်ဒေသထဲက လူထုရဲ့လွတ်လပ်ထုတ်ဖော်ခွင့်ဟာ စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်အောက်မှာ ပိတ်ဆို့ခံလိုက်ရပြီးပါပြီ။

မြန်မာစစ်တပ်ရဲ့လေကြောင်း ဗုံးကြဲမှုအပေါ်မြေပြင်မှာရှိတဲ့ ULA/AA အောက်ခြေအဖွဲ့ဝင်တချို့ဟာ မြန်မာစစ်တပ်ရဲ့နည်းပညာပစ္စည်းတွေရဲ့ခြေရာခံနိုင်မှုနဲ့မြေပြင်အပေါ် ဝေဟင်က ထောက်လှမ်းနိုင်မှုကို မျက်ကွယ်ပြုပြီး လူထုကို “ဒလန်”ဆိုတဲ့ စွပ်စွဲချက်တွေလက်ညိုးထိုးပြီး လူထုရဲ့ထုတ်ဖော်ခွင့်ကိုပါ ပိတ်ပင်မှုတွေလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို လူထုကို “ဒလန်”လို့ပြောနေစဉ်မှာ လူထုဟာ အင်တာနက်ကိုလက်လှမ်းမမီတော့ပါဘူး။

​စစ်ရေးနဲ့လုံခြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့ လူထုရဲ့ထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်သလို လုပ်ခဲ့တဲ့သက်ရောက်မှုတွေက ရခိုင်လူထုကို အကြောက်တရားထဲ ပြန်သက်ဆင်းရသလိုဖြစ်သွားပါတယ်။

လူထုရဲ့လွတ်လပ်စွာထုတ်ဖော်မှုကန့်သတ်ခံလိုက်ရတာနဲ့ အာဏာရှိသူတွေရဲ့လူထုအပေါ် တရားလက်လွတ်ပြုမှုတွေက ခေါင်းနဲ့ပန်းလိုဖြစ်လာပါတယ်။

လူထုဟာ အာဏာရှိသူအပေါ် ပြန်လည်ထိန်းကျောင်းခွင့်အနှစ်သာရဟာ အဲဒီအချိန်မှာ ကင်းမဲ့ခဲ့ပါပြီ။

​စစ်ဖြစ်နေချိန်ဖြစ်နေတာမို့ လုံခြုံရေးနဲ့ စစ်ရေးအရအကန့်အသတ်ရှိတယ်ဆိုပေမယ့် အဲဒီလိုကန့်သတ်မှုရှိတဲ့စစ်ရေးနဲ့လုံခြုံရေးနယ်ပယ်ကကိစ္စရပ်တွေကလွှဲလို့ ပြည်သူ့ရေးရာဝန်ဆောင်မှုကိစ္စတွေ၊စီမံခန့်ခွဲမှုကိစ္စတွေမှာ လူထုဟာ ပြန်လည်ထိန်းကျောင်းခွင့် ရှိပါတယ်။

ဒါပေမယ့် အဲဒီလိုထိန်းကျောင်းခွင့်မရတဲ့အခါ အာဏာအင်စတီကျူးရှင်းတွေဟာ လူထုနဲ့ဝေးကွာလာပြီး လူထုအတွက်လာသမျှဒဏ်ခါးစည်းခံဘဝပါပဲ။

လူထုရဲ့ခါးစည်းခံရမှုတွေကို မီဒီယာတွေဟာ ကျင့်ဝတ်အရဖော်ပြရပါတယ်။

ဒါပေမယ့် မီဒီယာတွေရဲ့ကျင့်ဝတ်အပေါ် ဝါဒဖြန့်ချိရေးအယူအဆနဲ့ဖုံးလွှမ်းဖို့ ကြိုးစားမှုတွေရှိလာပါတယ်။

လူထုဟာ အာဏာပိုင်အုပ်စုတွေရဲ့ လုပ်ပုံကိုင်ပုံကြောင့် သူ့အတွက်ထိခိုက်တယ်လို့ခံစားလာရချိန်မှာ မခံနိုင်လို့ လူမှုကွန်ရက်မှာ ဖွင့်အန်မိရင်တောင် အဲဒီလိုဖွင့်အန်မှုကို ဝိုင်းပြီးအုပ်စုဖွဲ့တိုက်ခိုက်ကြတဲ့ပုံစံတွေရှိလာပါတယ်။

အဲဒီလိုတိုက်ခိုက်ကြတဲ့အခါ အကြောင်းပြချက်တွေက”အခုအချိန်မှာ ဒီလိုပြောစရာလား၊ဒီလိုပြောရင် ကိုယ့်အစိုးရသိက္ခာကျသွားမှာကို မသိဘူးလား” ဆိုတဲ့ အသုံးအနှုန်းမျိုးတွေက ပါတတ်ပါတယ်။

မသိမသာရော၊သိသိသာသာ ဆိုးဝါးတဲ့ခြိမ်းခြောက်မှုတွေလည်း ပါလာပါတယ်။

အဲဒီလိုအခြေအနေတွေဟာ လူထုကို အသံမထွက်နိုင်အောင် တွန်းပို့ဖိအားပေးနေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။

​ကပ်ဘေးနဲ့လူသားချင်းစာနာမှုအကျပ်အတည်းဆိုက်နေတဲ့နေရာတခုဟာ ဆင်းရဲဒုက္ခနဲ့နာကျင်မှုတွေများပါတယ်။

လူထုရဲ့သဘောအရ နာကျင်ရင်အော်ဟစ်တတ်ပါတယ်။ ဒဏ်ရာတွေများနေတဲ့၊ လူသားချင်းစာနာမှုအကျပ်အတည်းတွေများနေတဲ့နေရာဒေသတခုဟာ အသံတောင်ထွက်မလာဘူးဆိုတာ ဘာမှမဖြစ်လို့မဟုတ်ပါဘူး။ အသံမထွက်နိုင်အောင် ပါးစပ်ပိတ်ပြီး လည်မြိုကို ဆောင့်နင်းခံထားရလို့ပါ။ အသံထွက်ခွင့်မရကြလို့ပါ။

​တကယ်လို့ အသံထွက်လာရင်လည်း ဘေးကင်းလုံခြုံမှုအာမခံချက်မရှိကြပါဘူး။ အသံထွက်လာသူကို အာဏာအင်အားနဲ့ပြန်ပြီးတုံ့ပြန်ထွက်ဆိုခိုင်းတဲ့ ဗျူဟာမျိုးတွေကလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ရခိုင်လူထုအတွက် မီဒီယာပလက်ဖောင်းပေါ်က မိမိတို့ရဲ့ နာကျင်မှုတွေကိုဖော်ပြခွင့်က အင်မတန်မှကျပ်တည်းနေဆဲပါ။

အကျပ်အတည်းကြားက အသံထွက်လာတဲ့အခါ တဖက်မှာက ဝါဒဖြန့်ချိရေးဗျူဟာတွေရဲ့သားကောင်ဘဝထဲ ပြန်ရောက်သွားနိုင်ပါတယ်။

​လူထုရဲ့နာကျင်မှုကို ဖော်ပြလာတဲ့အခါ အဲဒီလိုဖော်ပြမှုဟာ လူသားဆန်မှုဘက်ကချဉ်းကပ်မခံရဘဲ “တော်လှန်ရေးဦးဆောင်မှုကို ပျက်အောင်လုပ်နေတာ”ဆိုတဲ့ တရားလွန်စွပ်စွဲချက်တွေ၊တံဆိပ်ကပ်မှုတွေနဲ့ လူထုကို စာနာမှုမဲ့တဲ့ဘက်စည်းခြားတိုက်ခိုက်မှုတွေက ရှိနေပါတယ်။

​တကယ်တော့ ပဋိပက္ခတခုကို ကျော်ဖြတ်နေရတဲ့ လူ့အဖွဲ့အစည်းတခုမှာ ပြည်သူ့ရေးရာဝန်ဆောင်မှုနဲ့ ပြည်သူ့အတွက် တာဝန်ခံမှု(Public Accountability)ဟာ မလွဲမသွေကျော်ဖြတ်ရမယ့်ဘုံအကျပ်အတည်းတခုဖြစ်ပါတယ်။

အဲဒီလိုအချိန်မှာ ပြည်သူတွေရဲ့ ထုတ်ဖော်ခွင့်ကို တနည်းနည်းနဲ့ ပြန်ကုစားဖို့ကို မစဉ်းစားဘဲ Polarization ဆိုတဲ့ ဘက်စည်းခြားမှုတွေနဲ့ နှုတ်ပိတ်ဖို့ကိုပဲ စိုင်းပြင်းနေတာမို့ ရခိုင်ဒေသထဲက လူထုဟာ ဒဏ်ရာတွေထဲမှာ ညည်းညူသံပြုခွင့်ကိုတောင် ရဖို့က မလွယ်တော့ပါဘူး။

​ကိုးကား…

https://myanmar.athanmyanmar.org/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%9C%E1%80%95%E1%80%BA%E1%80%85/
​https://ipcmm.org/archives/331?utm_source=gemini&hl=en-GB

PrevPreviousအာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)
Previous Post

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

ပါတီဝင်တွေ ပြည်သူအပေါ် စောင့်ထိန်းရမယ့်ကျင့်ဝတ် ULA သတ်မှတ်

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page