Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

မြောက်ဦး၊ နိုဝင်ဘာ ၁၀။

​ကိုယ့်ကိုယ်ကို အုပ်ချုပ်သူတရပ်လို့ ခံယူတဲ့သူတွေဟာ အနည်းဆုံး ပြည်သူနဲ့အစိုးရကြားက ပဋိညာဉ်ကို သဘောပေါက်နားလည်ဖို့နဲ့ လေးစားဖို့လိုပါတယ်။

တော်လှန်ရေးကာလပဲဖြစ်ဖြစ်၊အရေးပေါ်ကာလပဲဖြစ်ဖြစ် ဘယ်လိုအခင်းအကျင်းမှာပင်ဖြစ်စေ အုပ်ချုပ်သူလို့ ခံယူတဲ့သူဟာ လူထုရဲ့အကျိုးစီးပွားကိုဦးတည်ပေးရပါတယ်။

ရိုးရိုးရှင်းရှင်းပြောရရင် အစိုးရတရပ်ဆိုတာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်နဲ့ လူထုကို ဝန်ဆောင်မှုပေးနေတဲ့သူတွေသာဖြစ်ပါတယ်။

အဲဒါကို အုပ်ချုပ်တဲ့သူတွေဟာ ကနဦးနှလုံးသွင်းဖို့လိုပါတယ်။

​ပျက်ရယ်ပြုခံရတဲ့ နှလုံးသွင်းမှု

​အာဏာရှင်စရိုက်နဲ့လူထုကို ဖိနှိပ်ထားချင်တဲ့သူတွေကတော့ အစိုးရတရပ်ဆိုတာ ပြည်သူရဲ့အစေခံဆိုတဲ့ သဘောကို ပျက်ရယ်ပြုကြမှာပါ။

ပြည်သူဟာ အာဏာရဲ့မူလပိုင်ရှင်ဆိုတဲ့ နှလုံးသွင်းမှုကို ချောင်ထိုးလိုက်တဲ့အခါ အုပ်ချုပ်သူတွေဟာ သူတို့သာလျှင် အာဏာရဲ့ပိုင်ရှင်လို့ထင်သွားတတ်ပါတယ်။

ဒီနေရာမှာ”ထင်သွားတတ်ပါတယ်။” ဆိုတဲ့ စကားလုံးဟာ ဒီအတိုင်းကြည့်လိုက်ရင် ဘာမှ အလေးအနက်မရှိသလိုဖြစ်နေပေမယ့် မြေပြင်မှာကတော့ သက်ရောက်မှုက နက်ရှိုင်းပါတယ်။

ငါတို့က ကောင်းအောင်လုပ်နေတာ၊ ငါတို့ကအနစ်နာခံနေတာ၊ ငါတို့ကဦးဆောင်နေတာ ဒါကြောင့် ငါတို့ပြောတာကို လက်ခံရမယ်ဆိုတဲ့ အပြုအမူ အပြောအဆိုရဲ့ ဇစ်မြစ်ဟာ “အာဏာရဲ့ မူလပိုင်ရှင်ဟာ ပြည်သူမဟုတ်ဘဲ ငါတို့သာ အာဏာပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ ခံယူချက်”ရှိနေတာကို တဖက်လှည့်ဖော်ပြနေတာလည်းဖြစ်ပါတယ်။

​ဒီနေရာမှာ စဉ်းစားကြည့်ရင် ငါတို့က အနစ်နာခံပေးဆပ်နေတာ၊ ငါတို့တိုက်ယူထားရတာဆိုရာမှာ အဲဒီလို အနစ်နာခံပေးဆပ်နေခဲ့လို့ပဲ ပြည်သူကယုံကြည်ပြီး ဦးဆောင်ခွင့်ကိုပေးခဲ့တာဆိုတာကိုလည်း မျက်ခြေမပြတ်သွားဖို့လိုပါတယ်။

အနစ်နာခံတာ၊ပေးဆပ်တာက ကိုယ့်ရဲ့ခံယူချက်သာဖြစ်ပြီး အဲဒီအနစ်နာခံတာ၊ ပေးဆပ်တာကို ပြည်သူကယုံကြည်ခဲ့လို့ ဦးဆောင်ခွင့်ကိုပေးခဲ့တာပါ။

အနစ်နာခံတယ်ဆိုတိုင်း၊ ပေးဆပ်တယ်ဆိုတိုင်း ပြည်သူရဲ့ ယုံကြည်မှုကိုရသွားတာမဟုတ်ပါဘူး။

​ဘယ်အရာကို ပြည်သူကယုံကြည်ခဲ့တာလဲ

​ပြည်သူတွေရဲ့အမြင်မှာ ဒီအုပ်စုဟာ ငါတို့ရဲ့ အခွင့်အရေးတွေကို ပြန်ရဖို့အတွက်၊ ငါတို့ရဲ့ ဘဝပိုကောင်းဖို့အတွက် အနစ်နာခံတာ၊ ပေးဆပ်စွန့်လွှတ်တာလို့ ယုံကြည်ခဲ့လို့သာ ဦးဆောင်ခွင့်ကို ပေးခဲ့တာပါ။

လူထုက ယုံကြည်မှုကို ပေးတယ်ဆိုရာမှာ လုပ်ချင်တာကိုလုပ်ကြလို့ဆိုပြီး ဝ ကွက် ပေးတာမဟုတ်ပါဘူး။ ပြည်သူတွေဘက်က ဒီအုပ်စုဟာ ငါတို့ရဲ့ အခွင့်အရေး၊ ငါတို့ရဲ့ ဘဝ ပိုကောင်းဖို့အတွက် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို ချည်နှောင်ပြီးမှ ဦးဆောင်ခွင့်ကို ပေးခဲ့တာပါ။

အဲဒီမျှော်လင့်ချက်နဲ့ ယုံကြည်မှုဟာ ပြည်သူနဲ့ ဦးဆောင်မယ့်သူအုပ်စုကြားက ကြိုတင် ကတိကဝတ် ပဋိညာဉ်လည်း ဖြစ်ပါတယ်။

အဲ​ဒီတော့ အုပ်ချုပ်သူတွေဟာ အာဏာကို ဦးဆောင်ခွင့်ရလာတဲ့အခါ လုပ်တဲ့လုပ်ရပ်တွေဟာ အာဏာကို ဦးမဆောင်ခင် အစောပိုင်းက ပြုထားတဲ့ ကတိကဝတ်ပဋိညာဉ်နဲ့ ညီဖို့လိုလာပါတယ်။

တကယ်လို့ ပြည်သူဘက်က အုပ်ချုပ်သူရဲ့ လုပ်ရပ်ဟာ ကတိကဝတ်တွေနဲ့ မကိုက်ညီဘူးလို့ ထင်လာရင်၊ သူရဲ့ အကျိုးစီးပွားကို ထိခိုက်လာတယ်လို့ ထင်လာရင် ပြည်သူမှာ သူရဲ့ထိခိုက်မှုနဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောပိုင်ခွင့် ရှိပါတယ်။

ပြည်သူ့ကို လေးစားတဲ့ အုပ်ချုပ်သူတွေက လူထုက အဲလိုအသံထွက်လာမှုကိုလက်ကမ်းကြိုဆိုပါတယ်။

ဘာကြောင့် ကြိုဆိုတာလဲဆိုရင် ဒီလိုအသံမျိုးတွေက ကိုယ့်လုပ်ရပ်ရဲ့ အားနည်းချက်ကို ပြင်ဆင်ခွင့် ရတယ်လို့ ခံယူထားလို့ပါ။

ဒါပေမယ့် အာဏာကိုယစ်မူးပြီး ကိုယ်ကျိုးစီးပွားတွေနဲ့ သာယာသွားတဲ့သူတွေကတော့ ပြည်သူ့က သူတို့ရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ အသံထွက်လာရင် ဖိနှိပ်နှိပ်ကွပ်ပါတော့တယ်။

​အာဏာယစ်မူးသူတွေပေးတတ်တဲ့ အကြောင်းပြချက်တွေ

​အာဏာကိုယစ်မူးသူတွေဘက်က ပြည်သူရဲ့အသံကိုဖိနှိပ်ဖို့အတွက် အကြောင်းပြချက်တွေက” ဒါက တော်လှန်ရေးကာလ၊ အရေးပေါ်ကာလ၊ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ကို နောက်ကို ပို့ထားလိုက်ဆိုတာမျိုး၊သီအိုရီတွေ၊ကျမ်းစာအုပ်တွေ လာမပြောနဲ့ ဆိုတာမျိုး”၊ ” ပညာတတ်တွေကမှ ဝင်မပါကြတာ ဆိုတာမျိုး၊ ” လက်ရှိမှာက စတင်တည်ဆောက်ယူနေတုံးမို့ ဒီလောက်တော့ ရှိမှာပေါ့ ဆိုတာမျိုး၊ ဘာလို့ ဒီလို မီဒီယာတွေ လူမှုကွန်ရက်တွေမှာ တင်နေတာလဲ။

အဲလိုတင်ရင် ကိုယ့်အစိုးရပဲ သိက္ခာကျမှာပေါ့။ရန်သူတွေက အားရသွားမှာပေါ့။ တိကျရင် သက်ဆိုင်ရာကို တိုက်လိုက်လေ ဆိုတာမျိုး။ ဟိုအုပ်စုကျတော့ မပြောဘူးလား။ငါတို့အုပ်စုကိုပဲ ပြောရဲတာလား”၊ “ဘာမှ ဝင်မလုပ်ဘဲ လုပ်နေသူတွေကို ဝေဖန်နေတယ်။လာလုပ်ကြပါလား ဆိုတာမျိုး၊ခုအနစ်နာခံလိုက် ရေရှည်ကောင်းဖို့အတွက် နည်းနည်းတောင် မပေးဆပ်ချင်ဘူးလား ဆိုတာမျိုး” စတဲ့ အငြင်းအပိတ်အကြောင်းပြချက်တွေ ပေးတတ်ကြပါတယ်။

​ပြီးရင် ခြိမ်းခြောက်မှုတွေကိုလုပ်လာတတ်ပါတယ်။

“ဒီလူ သစ္စာဖောက်၊ဒလန်” ဆိုတာမျိုးတွေလုပ်လာပါတယ်။

အဲလိုခြိမ်းခြောက်မှုရဲ့နောက်မှာ “လက်ရုံးနည်းနဲ့ ရှင်းပစ်မယ်တို့၊ သတ်ပစ်ရမယ်။” တို့ထိ ဖြစ်လာပါတယ်။

ပြီးရင် လူထုကိုအကြောက်တရားထည့်ဖို့အတွက် ဥပဒေတွေကို လိုသလိုအသုံးချလာပါတယ်။

ဥပမာ- နိုင်ငံတော်ပုန်ကန်မှု၊နိုင်ငံတော်အကြည်အညိုပျက်စေမှု၊စော်ကားမှု စတဲ့ပုဒ်မတွေကို ထင်သလိုတပ်ပြီး ခြိမ်းခြောက် ဖမ်းဆီးညှင်းပမ်းပါတော့တယ်။

အဲ​ဒီလိုဖမ်းဆီးနှိပ်ကွပ်မှုတွေ ဘာကြောင့်ဖြစ်လာသလဲလို့ ကြည့်ရင် “အာဏာကို ယစ်မူးပြီး ကိုယ်ကျိုးစီးပွားတွေနဲ့ သာယာသွားတဲ့အခါ ပြည်သူလူထုရဲ့တ ကယ့်ဒုက္ခကို အသံထွက်ဖို့မလိုလားလို့ပါ။

ဘာလို့ မလိုလားလဲဆိုရင် အာဏာကိုဦးဆောင်ခွင့်မရခင် အစောပိုင်းကပြုထားတဲ့ကတိကဝတ် ပဋိညာဉ်တွေကို မျက်ကွယ်ပြုလိုက်လို့ပါ။

ဘာလို့လွယ်လွယ်မျက်ကွယ်ပြုလိုက်သလဲဆိုရင် အစိုးရတရပ်ဆိုတာ ပြည်သူရဲ့ အစေခံ၊ပြည်သူဟာ အာဏာရဲ့ မူ လပိုင်ရှင်ဆိုတဲ့ နှလုံးသွင်းမှုကို ကနဦးကပင် ပျက်ရယ်ပြုထားကြလို့ပါ။

​အငြင်းအပိတ်အကြောင်းပြချက်တွေ ထွက်လာရတဲ့ဗီဇ

​ဒီနေရာမှာ ဗီဇဂုဏ်သတ္တိ နဲ့ နှိုင်းယှဉ်ပြီးပြောချင်ပါတယ်။

ဥပမာ- ပန်းသီးပင်ရဲ့ အစေ့မှာ ပန်းသီးပင်ရဲ့ ဗီဇဂုဏ်သတ္တိရှိပါတယ်။

အဲဒီ အစေ့ကို အပင်ပေါက်လာနိုင်တဲ့ ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရားတွေညီလာရင် ကျိမ်းသေ ပန်းသီးပင် ပေါက်လာမှာပါ။

အဲဒီဖြစ်စဉ်မှာ ဗီဇ ဂုဏ်သတ္တိနဲ့ ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရား ဆိုတဲ့ စဉ်းစားချင့်ချိန်စရာ အနေအထားနှစ်ခု ရလာပါတယ်။

ဒီအနေအထားနှစ်ခုနဲ့ နှိုင်းယှဉ်ပြီးသုံးသပ်ရင် စောစောက အာဏာယစ်မူးသူတွေရဲ့အငြင်းအပိတ် အကြောင်းပြချက်တခုဖြစ်တဲ့ ” ဒါက တော်လှန်ရေးကာလ၊ အရေးပေါ်ကာလ၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို နောက်ကို ပို့ထားလိုက် ဆိုတဲ့” အချက်ကို ပြန်ဆန်းစစ်ကြည့်လို့ ရလာပါတယ်။

တော်လှန်ရေးကာလ၊အရေးပေါ်ကာလ ဖြစ်လို့ဆိုတဲ့အချက်က “ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရား” သဘောနဲ့တူပါတယ်။

“ဒီမိုကရေစီတို့၊ လူ့အခွင့်အရေး” တို့ဆိုတာက အပင်ရှင်သန်လာတဲ့ သဘောနဲ့တူပါတယ်။

သူတို့ပြောတာကို အနက်ရှင်းပြရရင် “တော်လှန်ရေးကာလ၊ အရေးပေါ်ကာလဟာ ဒီမိုကရေစီ တို့ လူ့အခွင့်အရေးတို့ကို ရှင်သန်အောင်လုပ်ဖို့၊ အပင်ပေါက်လာအောင်လုပ်ဖို့အတွက် ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရား မဟုတ်သေးဘူး” ဆိုတဲ့ သဘောပါ။

ဒါပေမယ့် အရေးကြီးတဲ့ မေးခွန်းက “ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရား” ရှိလာရင်ကော အမှန်တကယ် အပင် ပေါက်လာမှာလား။အမှန်တကယ် “ဒီမိုကရေစီလူ့အခွင့်အရေးအရေးကို လေးစားတဲ့ ဗီဇဂုဏ်သတ္တိပါရဲ့လား” ဆိုတဲ့ အချက်ပါပဲ။

​ပန်းသီးပင်ရဲ့ အစေ့ဟာ ဗီဇဂုဏ်သတ္တိအရ ဘယ်နေရာ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ပန်းသီးပင်ရဲ့ ဗီဇဂုဏ်သတ္တိ ပျက်လို့၊ ပြောင်းလို့ မသွားပါဘူး။

ပန်းသီးပင်ဟာ မန်းကျည်းပင် ဖြစ်သွားစရာ မရှိပါဘူး။

ဘာကြောင့်ဆို ပန်းသီးပင် ဗီဇစစ်မှန်နေလို့ပါ။

အဲဒီလိုပါပဲ အာဏာငမ်းဖမ်းနေသူတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ဗီဇဂုဏ်သတ္တိ စစ်စစ်မှန်မှန် ရှိနေရင် ဘယ်လိုအခြေအနေ၊ဘယ်လိုတော်လှန်ရေးကာလ၊ဘယ်လို အရေးပေါ်အခြေအနေမှာမဆို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို တန်ဖိုးထားပြနေမှာပါ။

ရေခံ မြေခံ နဲ့ ဥတု အကြောင်းတရား မညီသေးဘူးဆိုရင်တောင် အဲဒီလို မညီကြောင်းကို ပြည်သူကို သိမ့်မွေ့စွာရှင်းပြနေမှာပါ။အားနည်းချက်ကိုလည်း ဝန်ခံရဲမှာပါ။

ပြီးရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုး ဖော်ထုတ်ရသလောက်ကို အသေးအဖွဲ့ကအစ ဖော်ထုတ်ဖို့ ကြိုးစားနေမှာပါ။

အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့မှာ “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ဗီဇ ဂုဏ်သတ္တိက နဂိုကပင် ပါမလာခဲ့ဘူး” လို့ပဲ ပြောရမှာပါ။

​အဲဒီလိုမပါခဲ့လို့ပဲ အငြင်းအပိတ် အကြောင်းပြချက်တွေက ထွက်လာတာပါ။

အဲဒီလိုသုံးသပ်လိုက်ရင်”ဘာလို့ ဒီလို မီဒီယာတွေ လူမှုကွန်ရက်တွေမှာ တင်နေတာလဲတို့၊လက်ရုံးနည်းနဲ့ ရှင်းပစ်မယ်တို့၊ နိုင်ငံတော်ပုန်ကန်မှုတို့၊ အကြည်အညိုပျက်စေမှုတို့၊ ဆက်သွယ်ရေးဥပဒေတို့” ဆိုတဲ့ အာဏာငမ်းဖမ်းသူတွေရဲ့ လုပ်ရပ်တွေ၊ အပြောတွေဟာ သိပ်အံဩစရာ မဟုတ်တော့ပါဘူး။

​ကင်ဆာတမျိုးကို ကုဖို့ကြိုးစားရင် ကင်ဆာနောက်တမျိုး ဖြစ်သွားတဲ့အခါ ဖိနှိပ်ခံရလို့ ပြည်သူဆီက တော်လှန်ရေးဆိုတာ ဖြစ်လာတာပါ။ ဖိနှိပ်ခံရမှုဟာ ကင်ဆာလိုပါပဲ။ တော်လှန်ရေးက ကင်ဆာကို ကုသဖို့ ကြိုးစားတာနဲ့တူပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ဗီဇဂုဏ်သတ္တိက နဂိုကပင် ပါမလာခဲ့တဲ့အခါ နဂိုအခံရှိနေကြ ကင်ဆာ ဒုက္ခကလည်း ပျောက်မသွားတဲ့အပြင် နောက်ထပ်ကင်ဆာတခုကထပ်ပေါ် လာပါတယ်။

ပြည်သူအတွက်တော့ နဂိုရှိရင်းစွဲကင် ဆာရဲ့ ဒဏ်ကိုလည်း ကျောကော့အောင်ခံနေရသလို နောက်တိုး ကင်ဆာကလည်း တထက်တထက် အစွမ်းပြနေတဲ့ဒဏ်ကို လိမ့်ခံရပါတော့တယ်။

​လူထုရဲ့ ထုတ်ဖော်ခွင့်အပေါ် နိုင်ငံတော်ပုန်ကန်မှု အဖြစ်တံဆိပ်ကပ်ခြင်း

​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ လူထုရဲ့ထုတ်ဖော်ခွင့်အပေါ် နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ပြီး ဖိနှိပ်တဲ့ကိစ္စမျိုးတွေဟာ အဲဒီလို နဂိုရှိရင်းစွဲ ကင်ဆာကို တိုက်ဖို့ လုပ်နေရင်း ကင်ဆာနောက်တမျိုး ဖြစ်သွားခြင်းကို ပြသနေတဲ့ အကောင်းဆုံးသက်သေပါပဲ။

​နိုင်ငံတော်ပုန်ကန်မှု

​ဗြိတိသျှတွေရေးပေးခဲ့တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၁/၁၂၂/၁၂၃/၁၂၄/၁၂၅/၁၂၆/၁၂၇/၁၂၈/၁၂၉/၁၃၀) တွေဟာ နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှုနဲ့ဆိုင်တဲ့ ပုဒ်မတွေပါ။

အဲဒီပုဒ်မတွေထဲက ပုဒ်မ (၁၂၄- က) ဟာ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မပါပဲ။

အဲဒီ ပုဒ်မ (၁၂၄- က) ထဲမှာ ရှင်းလင်း ချက် ၃ ခုပါပါတယ်။

အဲဒီ ရှင်းလင်းချက်သုံးခုဟာ ပြည်သူတွေရဲ့ အုပ်ချုပ်သူအပေါ် ဝေဖန်ပြော ဆိုခွင့်ကို အာမခံပေးထားတာပါပဲ။

​အဲဒီလို ပုဒ်မကြီးတွေထဲမှာတောင် အုပ် ချုပ်သူ ဗြိတိသျှတွေက ကိုလိုနီနယ်က အုပ်ချုပ်ခံပြည်သူတွေဘက်က သူတို့အပေါ် ဝေဖန်ခွင့်၊ထိခိုက်နစ်နာမှုကို တ င်ပြခွင့်တွေရှိအောင် လမ်းဖွင့်အာမခံ ပေးခဲ့ပါသေးတယ်။

မြေသိမ်းခံရလို့ ကာယကံရှင်တွေက သူတို့ရဲ့ နစ်နာမှုကို ဖော်ပြတာကို မကျေ နပ်တဲ့အတွက် အဲဒီလိုဖော်ပြရကောင်းလားဆိုတဲ့အတွေးနဲ့ အဆိုပါ ပုဒ်မပြစ် မှုအကြီးကြီးတွေကို ခေါင်းစဉ်တလွဲတပ်ပြီး ဖမ်းဆီးနှိပ်ကွပ်ထားတဲ့ ပုံစံတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပါတယ်။

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေထဲမှာပါတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ (၁၂၄- က) နဲ့လူထုကို ဖမ်းပြီး နှိပ်ကွပ်နေတဲ့သူတွေဟာ အဲဒီပုဒ်မရဲ့ ရှင်းလင်းချက်သုံးခုကိုတော့ သိလောက်မယ်ထင်ပါတယ်။

ဒါမှမဟုတ် အဲဒီရှင်းလင်းချက်သုံးခုပါတဲ့စာမျက်နှာ သူတို့ဖတ်တဲ့စာအုပ်မှာမပါတာလည်းဖြစ်နိုင်ပါတယ်။

အဲဒီလိုမပါရင်လည်း အပြည့်အစုံဖတ်လို့ရအောင် ဖော်ပြလိုက်ပါတယ်။

​နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ် မ(၁၂၄- က)ရဲ့ရှင်းလင်းချက်သုံးခု…

​ဥပဒေဖွင့်ဆိုချက်…

​မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်း မဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်၊ သို့တည်းမဟုတ် မေတ္တာပျက် အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တသက် တကျွန်းအောက်လျော့သည့် တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။

​ရှင်းလင်းချက် ၁။ မေတ္တာပျက်စေခြင်းဆိုသည့် စကားတွင် သစ္စာမဲ့ခြင်းနှင့် အငြိုးထားသော စိတ်လည်းပါဝင်သည်။

​ရှင်းလင်းချက် ၂။ မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ဆောင်ရွက်မှုအစီ အစဉ်ကို ဥပဒေနှင့်ညီသောနည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထို ဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှု မမြောက်။

​ရှင်းလင်းချက် ၃။ မုန်းထားအောင်သော် လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော်ရန် ကြံစည်အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို၊ သို့တည်းမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်းထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှု မမြောက် ဆိုပြီး ဖော်ပြထားပါတယ်။

အသိမ်းခံရမယ့်မြေရဲ့ လျော်ကြေးကို ဥပဒေမှာပေးထားတဲ့ ကာလတန်ဖိုးအတိုင်း လိုချင်ပါတယ်။အဲဒီလိုမဟုတ်ရင် နစ်နာပါတယ်။

ဥပဒေအတိုင်း အကောင်အထည်မဖော်ဘဲ လုပ်နေပါတယ်လို့ ပြောဆိုချ​က်တွေဟာ ရှင်းလင်းချက် ၂ ထဲက အစိုးရရဲ့ဆောင်ရွက်မှုအစီအစဉ်ကို ဥပဒေနဲ့ညီသောနည်းနဲ့သာ ပြောင်းလဲပြုပြင်စေဖို့ရည်ရွယ်တဲ့ကိစ္စ၊ကိုယ့်ရဲ့နစ်နာမှုကို တင်ပြတဲ့ကိစ္စထဲမှာ အကြုံးဝင်ပါတယ်။

အဲဒါဟာ ဥပဒေအရပြည်သူတယော က်ချင်းစီကို ပေးထားတဲ့အခွင့်အရေးပါ။ဥပဒေက ပေးထားတဲ့အခွင့်အရေးကိုတောင်းတဲ့လုပ်ရပ်ဟာ နိုင်ငံတော်အကြည်အညိုပျက်စေမှု၊စော်ကားမှုနဲ့ ဘာမှမဆိုင်နိုင်ပါဘူး။

​ဗြိတိသျှဥပဒေတွေက သုံးမယ်ဆိုရင်လည်း ဗြိတိသျှရေးတဲ့ အတိုင်းပဲ သုံးတာ အကောင်းဆုံးပါ။

ရေးတဲ့သူ ကာယကံရှင် ဗြိတိသျှတွေကတောင် ပြစ်မှုမမြောက်ပါဘူးလို့ ရေးထားတဲ့အချက်ကို ဗြိတိသျှထက် တလကြီးပြီး ပြစ်မှုမြောက်တယ်လို့တော့ မလုပ်သင့်ပါဘူး။

PrevPreviousချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)
Nextကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)Next
Previous Post

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

Next Post

ကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-BNA

စပါးအလေးချိန်ကို အာရက္ခအစိုးရသတ်မှတ်အတည်ပြု

November 10, 2026

​​အာရုဏ်ဦးမြေမှာ မယားပြိုင်စနစ်အလိုမရှိ

November 10, 2026

တောင်ကုတ်မှာ ဓားခုတ်မှုကျူးလွန်သူကို ဒီလပ်ဖမ်း

November 10, 2026

​မယားပြိုင်ယူရင် နိုင်ငံဝန်ထမ်းလုပ်ခွင့်မရှိဥပဒေကြမ်းကို နီပေါအစိုးရလွှတ်တော်တင်

November 9, 2026

ကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့တွေပါဝင်ဖို့ စစ်တပ်တိုက်တွန်း

တာနာမဲရာတရားမဝင်ဆိပ်ကမ်းမှာ မြန်မာသုံးဆယ်ဦးနဲ့ လူမှောင်ခိုပွဲစားလေးဦးဖမ်းခံရ

ရေးမြို့မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်သားသုံးဦး သေဆုံး

Releated Post

ဓာတ်ပုံ-Khun Yar Zar

ကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)

November 10, 2026

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

November 10, 2026
​ကိုးကား-ထိုင်းသတင်းတွေ

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

November 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့တွေပါဝင်ဖို့ စစ်တပ်တိုက်တွန်း

November 10, 2026

တာနာမဲရာတရားမဝင်ဆိပ်ကမ်းမှာ မြန်မာသုံးဆယ်ဦးနဲ့ လူမှောင်ခိုပွဲစားလေးဦးဖမ်းခံရ

November 10, 2026
ဓာတ်ပုံ - ရေးဘီလူးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ရေးမြို့မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်သားသုံးဦး သေဆုံး

November 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page