Border News Agency
ချင်းမိုင်၊နိုဝင်ဘာ ၁၀။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဗီဇာနဲ့ စာရွက်စာတမ်းပွဲစားလုပ်ငန်းကို နှစ်နှစ်နီးပါးကြာတရားမဝင်လုပ်ကိုင်ခဲ့တဲ့ မြန်မာအမျိုးသားနှစ်ဦးကို ချင်းမိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးလိုက်ပါတယ်။
ချင်းမိုင်ခရိုင်၊ မောင်းမြို့နယ်၊ မဲဟိယရပ်ကွက်ရှိ နေအိမ်တအိမ်ကို နိုဝင်ဘာလ ၉ ရက်နေ့က တရားရုံးဝရမ်းနဲ့ဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲစီးပွားရေးလုပ်ငန်းလည်
ပတ်မှု၊ နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိတဲ့ သီးသန့်အလုပ်အကိုင်တွေလုပ်ကိုင်မှုတို့နဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ မြန်မာနှစ်ဦးဟာ ဖော်လိုဝါနှစ်သောင်းကျော်ရှိတဲ့ ဖေ့ဘုတ်စ်ပေ့ချ်တခုထူထောင်ကာ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာလျှောက်ထားတာ၊သက်တမ်းတိုးတာ ယာဉ်အခွန်ဆောင်တာတွေနဲ့အိမ်ငှားရမ်းတာတွေကိုပွဲစားအဖြစ် ဝန်ဆောင်မှုပေးခဲ့ကြောင်းဝန်ခံထားတာပါ။
သူတို့ဟာ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ ဝန်ဆောင်ခဘတ်သုံးရာမှငါးရာထိယူကာ လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာဥပဒေအရအရေးယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးစုံစမ်းစစ်ဆေးရေးဌာနခွဲငါးဆီလွှဲပြောင်းထားပါတယ်။
ချင်းမိုင်မြို့မှာမကြာသေးမီကလည်း တားမြစ်ထားတဲ့သီးသန့်အလုပ်အကိုင်တွေကိုလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေကဆက်တိုက် ဖမ်းဆီးအရေးယူနေပါတယ်။












