Border News Agency
မလေးရှား၊ နိုဝင်ဘာ ၁၀။
မလေးရှားနိုင်ငံ၊တာနာမဲရာ ခရိုင်၊ နီဘောင်းဒေသရှိ ယူတီတရားမဝင်ဆိပ်ကမ်းသို့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားသုံးဆယ်ဦးနဲ့ လူမှောင်ခိုပွဲစားမလေးရှားဒေသခံလေးဦးတို့ကို နိုဝင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားသုံးဆယ်ဦးမှာ အမျိုးသားတဆယ့်ရှစ်ဦးနဲ့ အမျိုးသမီးတဆယ့်နှစ်ဦးပါဝင်ပြီး ရဲစခန်းလေးခုမှပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ မနက်ပိုင်းတွင် သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ဒေသခံလေးဦးထဲက သုံးဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိရပြီး သူတို့ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်နှစ်စီးနဲ့ ကတမ်ရွက်ပြုတ်ရည်တွေကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီဖမ်းဆီးခံရသူတွေကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ မူးယစ်ဆေးဝါး အက်ဥပဒေတို့နဲ့ အမှုဖွင့်စစ်ဆေးနေပြီး တရားမဝင်ဝင်ရောက်မှုအတွက် ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ကြိမ်ဒဏ်တွေချမှတ်ခံရနိုင်ပါတယ်။
အဲဒီနယ်စပ်ဆိပ်ကမ်းတွေဟာ တရားမဝင် ဝင်ရောက်မှုနဲ့ လူမှောင်ခိုကူးသန်းမှုတွေမကြာခဏ ဖြစ်ပွားလေ့ရှိတဲ့နေရာတွေဖြစ်ပါတယ်။






