Border News Agency
ရေး၊ နိုဝင်ဘာ ၁၀။
မွန်ပြည်၊ရေးမြို့နယ်၊အမှတ် ၃၁၆ အမြောက်တပ်အနီးရှိ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ရေးဘီလူးတပ်ရင်းမှထုတ်ပြန်ပါတယ်။
အမှတ် ၈ လမ်းမကြီး၊အမှတ်-၃၁၆ အမြှောက်တပ်ရင်း (အမတ-၃၁၆) အနီး၊ တနင်္သာရီဒေသဘက်အထွက်မှာ နိုဝင်ဘာလ ၉ ရက်နေ့က ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ရေးဘီလူးတပ်ရင်းထိပ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုနှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးတဲ့အပြင် ငါးဦးအပြင်းအထန်ဒဏ်ရာရသွားခဲ့တာကြောင့် ၉ မိုင်ကျေးရွာမှ လူနာတင်ကားတွေနဲ့ ပြည်
သူပိုင်ကားတွေကို စစ်အုပ်စုကအတင်းအကြပ်ဆွဲပြီး ရေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရေးဘီလူးတပ်ရင်းတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းစစ်တပ် စစ်ကြောင်းရဲ့ ထိုးစစ်ကို ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ ခုခံနိုင်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက ဆိုပါတယ်။






