Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မောင်တောခရိုင် မောင်တောမြို့နယ် အာရက္ခဒေသ

​​အာရုဏ်ဦးမြေမှာ မယားပြိုင်စနစ်အလိုမရှိ

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency

မောင်တော၊ နိုဝင်ဘာ ၁၀။

​အိန္ဒိယရဲ့ရှေ့မြောက်ပြည်နယ်တွေထဲက အာရုနာချယ်ပရာဒေချ်ပြည်နယ်မှာ ညီရှီလူမျိုးစု(Nyishi Tribes)ထဲက အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ “မယားပြိုင်စနစ်” ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

အာရုနာချာ်ပရာဒေရှ်ဆိုတဲ့စကားလုံးဟာ သက္ကတစကားက ဆင်းသက်လာပြီး အာရုဏ်ဦးလို့ အဓိပ္ပာယ်ရပါတယ်။

အိန္ဒိယဟာ တလင်တမယားစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံလို့ ယေဘူယျသိထားကြပါတယ်။

အိန္ဒိယမှာ ဟိန္ဒူဘာသာဝင်လက်ထပ်ခြင်းဥပဒေ(Hindu Marriage Act, 1955)ပုဒ်မ ၁၇ အရ ဟိန္ဒူဘာသာဝင်တဦးဟာ လက်ရှိအိမ်ထောင်ရှိနေရင် နောက်အိမ်ထောင်ပြုလို့မရပါဘူး။

အဲဒီ ပုဒ်မ ၁၇ ဟာ အိန္ဒိယ ရာဇသတ်ကြီးဥပဒေ (အရင် IPC ပုဒ်မ ၄၉၄၊ လက်ရှိ BNS ပုဒ်မ ၈၂) အရ ပြစ်မှုထင်ရှားစီရင်ခံရပါက အများဆုံးထောင်ဒဏ်ခုနှစ်နှစ်ထိ ကျခံရနိုင်ပြီး ငွေဒဏ်လည်း ရိုက်နှိပ်ခံရနိုင်ပါတယ်။

မိမိမှာ အရင်အိမ်ထောင်ရှိပြီးသားနဲ့ ဒုတိယမြောက် လက်ထပ်မည့်သူအား ဖုံးကွယ်ပြီး လိမ်လည်လက်ထပ်ခဲ့ရင် (IPC ပုဒ်မ ၄၉၅ အရ)အများဆုံး ထောင်ဒဏ်ဆယ်နှစ်ထိ တိုးမြှင့်ချမှတ်ခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။

အဲဒီအိန္ဒိယရဲ့ ဟိန္ဒူဘာသာဝင် လက်ထပ်ခြင်းဥပဒေဟာ ဟိန္ဒူဘာသာဝင်တွေကိုသာမက အိန္ဒိယရဲ့ ဂျိမ်း၊ဗုဒ္ဓနဲ့ ဆစ်ဘာသာဝင်တွေကိုပါ သက်ရောက်ပါတယ်။

​ဒါဆို အဲလိုဥပဒေရှိနေရဲ့သားနဲ့ အာရုနာချယ်ပရာဒေချ်က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေ ဘာဖြစ်လို့ ခုလိုလှုပ်ရှားမှုတွေကို လုပ်နေကြတာပါလဲ။

အဲဒီမေးခွန်းအဖြေက အိန္ဒိယရဲ့ ဖက်ဒရယ်စနစ်နဲ့ လာပြီးဆက်စပ်နေတာပါ။

​အိန္ဒိယရဲ့ ဖက်ဒရယ်စနစ်မှာ ဓလေ့ထုံးတမ်းဥပဒေကျင့်သုံးခွင့်ရှိပါတယ်။

အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပဉ္စမနှင့် ဆဋ္ဌမဇယား (Fifth & Sixth Schedule) အရ လူမျိုးစုတွေမှာ ရိုးရာဓလေ့ထုံးစံ ဥပဒေတွေကို ဆက်လက်ကျင့်သုံးပါတယ်။

အဲဒီတော့ အိန္ဒိယရဲ့ ဥပဒေမှာ ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ဟာ နှစ်မျိုးရှိလာပါတယ်။

တခုက ဇယားဝင်လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းဖြစ်ပြီး နောက်တခုက ဘာသာရေးဆိုင်ရာဓလေ့ထုံးတမ်းပါ။

အဲဒီဓလေ့ထုံးတမ်းဥပဒေတွေဟာ သက်ရောက်မှုအကောင်းလည်းရှိသလို အဆိုးလည်းရှိပါတယ်။

အဲဒီတော့ အာရုနာချယ်ပရာဒေချ်က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေဟာ တလင်တမယားစနစ်ကို တောင်းဆိုနေတာဟာ စောစောကပြောတဲ့ လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကြောင့်ပါ။

အာရုနာချယ်ပရာဒေချ်မှာ လူမျိုးစုတွေရဲ့ Customary Law အရ မယားပြိုင်ယူလို့ရတဲ့ အခွင့်အရေးတွေရှိပါတယ်။

အဲ​ဒီနေရာမှာ ကမ္ဘာကြီးမှာဖြစ်နေတဲ့ အငြင်းပွားမှုကဖြစ်လာပါတယ်။

အဲဒါက ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားတဲ့ စည်းမျဉ်းတခုဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေရင် အဲဒီစည်းမျဉ်းကို ဆက်သုံးသင့်လားဆိုတဲ့အငြင်းပွားမှုပါ။

အမေရိကန်မှာတော့ အဲဒီလိုဓလေ့ထုံးတမ်းတွေ၊ ပြည်နယ်ဥပဒေတွေက လူ့အခွင့်အရေးကို ချိုးဖောက်လာရင် ဗဟိုက ဝင်ရောက်စွက်ဖက်ပြီး လူ့အခွင့်အရေးကို ကာကွယ်ပေးပါတယ်။

​တလင်တမယားစနစ်ကို တောင်းဆိုနေတဲ့ အာရုနာချယ်ပရာဒေချ်က လူမျိုးစုအမျိုးသမီးတွေဘက်ကို ပြန်သွားပါမယ်။

အိန္ဒိယမှာ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျိမ်း၊ ဆစ် စတဲ့ ဘာသာဝင် တယောက်ဟာ အိမ်ထောင်ရှိနေရက်နဲ့ နောက်အိမ်ထောင်သွားယူရင် ထောင်ဒဏ်ဟာခုနှစ်နှစ်မှဆယ်နှစ်ထိကျခံရနိုင်ပါတယ်။

ဒါပေမယ့် ဇယားဝင်လူမျိုးစုတွေထဲမှာ တချို့လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းထဲမှာ မယားပြိုင်ယူခွင့်ရှိပြီး အဲလိုယူရင် တရားဝင်နေပြန်ပါတယ်။

​အာရုနာချယ်ပရာဒေချ် ပြည်နယ်က ဇယားဝင်လူမျိုးစုဖြစ်တဲ့ ညီရှီလူမျိုးစု (Nyishi Tribes)ထဲက သူတွေဟာ မယားပြိုင်ယူလို့ရနေပါတယ်။

အဲဒါကြောင့် ညီရှီလူမျိုးစု အမျိုးသမီးတွေက ကန့်ကွက်နေကြတာပါ။

​အာရုနာချယ်ပရာဒေချ်မှာ ရိုးရာဓလေ့အရ မယားပြိုင် (Polygyny) ယူတာကို ကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းရှိတဲ့ လူမျိုးစုတွေထဲမှာ ​မီရှ်မီ (Mishmi) လူမျိုးစုထဲမှာ ပါတဲ့ အီဒူ (Idu)၊ ဒီဂါရူ (Digaru) နဲ့မီဂျူ (Miju) လူမျိုးစု​ညီရှီ လူမျိုးစုတွေနဲ့ အနွယ်တူတဲ့ တာနီ (Tani) လူမျိုးစုအုပ်စုထဲက တဂင် (Tagin) လူမျိုးစု၊ ​ဂါလို (Galo) လူမျိုးစု၊ ​ဝမ်ချို (Wancho)၊ နော့တီ (Nocte) လူမျိုးစု၊ ​တိုင်ခမ်းတီး (Tai Khamti) လူမျိုးစု၊ ​အာပါတာနီ (Apatani) လူမျိုးစု၊ ​မွန်ပါ (Monpa) လူမျိုးစုတွေပါဝင်ပါတယ်။

​မီရှ်မီ လူမျိုးစုနဲ့ တာဂင် လူမျိုးစုတွေထဲမှာ မယားပြိုင်ယူတာဟာ ယောက်ျားတယောက်အတွက် ကြွယ်ဝမှုနဲ့ လူမှုရေးအဆင့်အတန်းမြင့်မှုကို ပြသတဲ့သဘောမျိုးလည်းဖြစ်ပါတယ်။

မယားအများအပြားယူတဲ့အခါ သတို့သမီးတန်ဖိုးကိုတတ်နိုင်တဲ့သူတွေမှ ယူလို့ရတာပါ။

သတို့သမီးတန်ဖိုးဆိုတာထဲမှာ ရွှေ၊ ငွေ၊ ကျွဲ၊ နွား စတာတွေနဲ့တင်တောင်းရပါတယ်။

ပြီးရင် မိသားစုနဲ့ လူမှုရေးဆိုင်ရာတာဝန်ယူမှုနဲ့လည်း မယားပြိုင်စနစ်ကို ဆက်စပ်ထားကြပါသေးတယ်။

ဥပမာ-ကွယ်လွန်သွားသော အစ်ကို၊ ဦးလေးတွေရဲ့ ဇနီး မုဆိုးမကို ပြန်လည်လက်ထပ်ရတဲ့ကိစ္စမျိုးတွေပါ။

​​​ဂါလို (Galo) လူမျိုးစုတွေထဲမှာတော့ လက်ရှိမှာ တလင်တမယားစနစ်ကိုပဲကျင့်သုံးနေကြပါပြီ။

ဒါပေမယ့် ဂါလိုရိုးရာဓလေ့အရ ချမ်းသာကြွယ်ဝမှုလက္ခဏာတစ်ခုအဖြစ် မယားပြိုင်ယူတာကို ခွင့်ပြုထားပါတယ်။

မိသားစုနဲ့ လူမှုရေးဆိုင်ရာ တာဝန်ယူမှုအရ မုဆိုးမကို ပြန်လည်လက်ထပ်တာ၊ ဇနီးသည်ရဲ့ ညီမ ဆွေမျိုးတော်စပ်သူကိုပါ လက်ထပ်တာ (sororate) မျိုးတွေလည်းရှိပါတယ်။

​ဝမ်ချို (Wancho) နဲ့ နော့တီ (Nocte) လူမျိုးစုတွေမှာတော့ မယားပြိုင်စနစ်ဟာ လယ်ယာမြေများကို စီမံခန့်ခွဲဖို့၊ နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းဖို့ အတွက် ရွာသူကြီးတွေ၊ အနဂျ် (Anghs) ဒါမှမဟုတ် လိုဝန်စ် (Lowangs)လို အုပ်စုခေါင်းဆောင်တွေ ကြားထဲမှာ သူမျိုးကိုယ့်မျိုး ထပ်ပေးစားတဲ့ မယားပြိုင်စနစ်တွေရှိပါတယ်။

ပထမဇနီးသည်က သားသမီးမထွန်းကားနိုင်လို့ ဒါမှမဟုတ် မကျန်းမာ နာတာရှည်ဖျားနာနေလို့ ဆိုတဲ့ အချက်တွေကလွှဲရင် သာမန် ဝမ်ချိုနဲ့ နော့တီ လူမျိုးစုတွေဟာ တလင်တမယားစနစ်ကိုသာ ကျင့်သုံးကြပါတယ်။

​ရှမ်းအနွယ် တိုင်ခမ်းတီး (Tai Khamti) လူမျိုးစုတွေအတွက်လည်း မယားပြိုင်ယူတာကို ချမ်းသာကြွယ်ဝသူတွေ၊ လူ့မှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေကြားမှာ အသိအမှတ်ပြုထားပါတယ်။

​အာပါတာနီ (Apatani) လူမျိုးစု၊ အာဒီ (Adi) လူမျိုးစုနဲ့ မွန်ပါ (Monpa) လူမျိုးစုတွေအတွက် တလင် တမယားစနစ်ဟာ တင်းကျပ်သော လူမှုရေးစည်းမျဉ်းတခုပါ။

ဒါပေမယ့် အာပါတာနီနဲ့ အာဒီ လူမျိုးစုတွေမှာတော့ ပထမဇနီးသည်က သားသမီးမမွေးနိုင်ရင် ဒါမှမဟုတ် ယောက်ျားလေး ဆက်ခံမယ့်သူ မရှိတော့ရင် (ပထမဇနီးရဲ့ သဘောတူညီချက်နဲ့) ဒုတိယဇနီးယူတာကို ရိုးရာဓလေ့အရ ခွင့်ပြုထားပါတယ်။

မွန်ပါ (Monpa) လူမျိုးစုတွေ ထဲမှာတော့ ထူးခြားတဲ့ အချက်ကရှိပါတယ်။

အဲဒါက အခြားလူမျိုးစုတွေလို မယားပြိုင်ယူတာ မဟုတ်ဘဲ လင်အများကြီးယူတာပါ။

မွန်ပါလူမျိုးစုထဲက တချို့လူမျိုးစုတွေမှာ ဇနီးတဦးတည်းကို ညီအစ်ကိုအား လုံးက လက်ထပ်ပေါင်းသင်းကြတဲ့ မျှ ဝေ (fraternal polyandry) စနစ် ဒါမှမဟုတ် လင်ပြိုင်ယူထားတဲ့ စနစ်မျိုးတွေလည်းရှိပါတယ်။

ဒါပေမယ့် ဒီလူမျိုးစုအားလုံးနီးပါးဟာ လက်ရှိအချိန်မှာတော့ ခေတ်မီပညာ ရေး၊စီးပွားရေးအပြောင်းအလဲတွေနဲ့ ခရစ်ယာန်ဘာသာ ပျံ့နှံ့လာတာတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ထဲမှာ တလင်တမယား စနစ်က ပိုမိုအားကောင်းလာခဲ့ပါတယ်။

​ပြီးရင် အိန္ဒိယမှာ Parsis (ပါစီ) အုပ်စုတွေရဲ့ ၁၉၃၆ ခုနှစ် ပါစီ လက်ထပ်ထိမ်းမြားမှုနဲ့ ကွာရှင်းမှု ဥပဒေ (Parsi Marriage & Divorce Act, 1936) အရ ပါစီ အုပ်စုတွေဟာ မယားပြိုင် ယူခွင့်မရှိပါဘူး။

အိန္ဒိယ ခရစ်ယန် ဘာသာဝင် တွေအတွက် ၁၈၇၂ ခုနှစ် အိန္ဒိယခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်း ဥပဒေ (Indian Christian Marriage Act, 1872) အရ လည်း မယားပြိုင်ယူလို့မရပါဘူး။

ဂိုအာပြည်နယ် မှာ ပေါ်တူဂီ တွေ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ လူတိုင်းအတွက် ဂိုအာ ပြည်နယ်မှာ နေတဲ့သူတွေဟာ တလင်တမယားစနစ် (monogamy) ကို ကျင့်သုံးရပါတယ်။

​မယားပြိုင် စနစ်ကို ခြွင်းချက် ကျင့်သုံးလို့ရတဲ့ အသိုင်းအဝန်းက မွတ်စလင် တွေ နဲ့ ဇယားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။

၁၉၃၇ ခုနှစ် မွတ်စလင် ရှရီယာ (Shariat) ဥပဒေ အရ မွတ်စလင် အမျိုးသားတဦးဟာ ဇနီးလေးဦးထိ လက်ထပ်ခွင့်ရှိပါတယ်။ ဇယားဝင်လူမျိုးစုတွေက Customary Law အောက်မှာ မယားပြိုင်ယူခွင့် ရှိနေပါတယ်။

ဒါပေမယ့် အိန္ဒိယရဲ့ မွတ်ဆလင် အသိုင်းအဝန်းဟာလည်း တလင်တမယား စနစ်ကိုပဲ ကျင့်သုံးနေတာများပါတယ်။

မယားပြိုင် စနစ်ဟာ အိန္ဒိယ လူ့အဖွဲ့ အစည်းထဲမှာ တဖြေးဖြေးနဲ့ ကန့်ကွက်မှုတွေ နဲ့ပဲ ရင်ဆိုင် နေရပါပြီ။

ဥတ္တရာခန် (Uttarakhand) ပြည်နယ်က ၂၀၂၄ ခုနှစ်မှာ သူ့ပြည်နယ်ထဲက ဇယားဝင် လူမျိုးစုတွေကလွဲလို့ ကျန်ပြည်နယ်သားတိုင်းဟာ မယားပြိုင်ယူခွင့်မရှိတဲ့ နိုင်ငံသား အထွေထွေဥပဒေ (Uniform Civil Code- UCC) ကို အတည်ပြုလိုက်ပါတယ်။

အာသံပြည်နယ်ကလည်း ၂၀၂၅ ခုနှစ်မှာ မယားပြိုင်၊လင်ပြိုင် ယူတာကို တားမြစ်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။

အဲ​ဒီအချက်တွေဟာ အာရုနာချယ်ပရာဒေချ်က ညီရှီ (Nyishi) လူမျိုးစုက တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေအတွက် ရှေ့ဆက်ဖို့တွန်းအားကို ဖြစ်စေပါတယ်။

ညီရှီ (Nyishi) လူမျိုးစုထဲက အကြီးအကဲတွေ၊ ငွေကြေးအာဏာရှိတဲ့ အမျိုးသားတွေဟာ မယားပြိုင်ယူနေကြတာဟာ ကျန်လူမျိုးစုတွေထက် အဖြစ်များနေပါတယ်။

အမျိုးသမီးတွေ ပညာတတ်ပြီး ကိုယ့်ဖာသာကိုယ်ရပ်တည်လာနိုင်တာနဲ့အမျှ မယားပြိုင် အတွေးအခေါ်ဟာ အိန္ဒိယမှာ တဖြေးဖြေးနဲ့ ဘောင်ကျဉ်းလာနေပါတယ်။

​အာဏာ၊ပါဝါကို ကိုင်ထားတဲ့ ညီရှီလူ မျိုးစု အကြီးအကဲအချို့ကတော့ ဓလေ့ထုံးတမ်း လုပ်ပိုင်ခွင့် ဂယ်ပေါက်နဲ့ ဖိုဝါဒီ အတွေးအခေါ်ကို ကျားကန်နေပါတယ်။

ဓလေ့ထုံးတမ်းတွေထဲမှာ တရားမျှတမှုကင်းတဲ့ အချက်တွေပါနေရင် အဲဒီဓလေ့ထုံးတမ်းကိုပယ်ဖျက်ပြီး ပိုကောင်းတဲ့ အချက်နဲ့အစားထိုးရမယ်ဆိုတဲ့ သဘောကို ညီရှီလူမျိုးစုထဲက အကြီးအကဲတချို့ဟာ မျက်ကွယ်ပြုထားပါတယ်။

လက်ရှိမှာ ညီရှီလူမျိုးစု အမျိုးသမီးတွေရဲ့ မယားပြိုင်စနစ်အပေါ် ကန့်ကွက်တဲ့ ကမ်ပိန်းအပေါ်မှာလည်း “ငါတို့ လုပ်နေတာ မယားပြိုင်ယူနေတာလို့ပဲ မမြင်နဲ့၊ ငါတို့က ရှေးရိုးအစဉ်အလာကို ထိန်းသိမ်းနေတာ” ဆိုတဲ့ စကားမျိုးနဲ့ ပျက်ရယ်ပြုနေကြပါတယ်။

​အဲဒီလို ဓလေ့ထုံးတမ်းကို အသုံးချကာ တရားမျှတမှုကိုမျက်ကွယ်ပြုပြီး လက်ရှိရထားတဲ့လုပ်ပိုင်ခွင့်တွေနဲ့ ဘယ်လောက်ပဲ အမြတ်ထုတ်ပြီး ပျက်ရယ်ပြုနေပါစေ အာရုနာချယ်ပရာဒေချ်က အမျိုးသမီးတွေနဲ့ ညီရှီလူမျိုးစု အမျိုးသမီးတွေကတော့ သူတို့အခွင့်အရေးတွေအတွက် ရှေ့ဆက်လျှောက်နေကြဆဲပါ။

​အာရုနာချယ်ပရာဒေချ် က လူ့အခွင့် အရေးလှုပ်ရှားသူ အမျိုးသမီး ဆယ်လီဟာ ခါတန် (Saleha Khatun) က သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ နိုဝင်ဘာ ၈ ရက်နေ့က တင်ထားတဲ့စာကို ဖော်ပြလိုက်ပါတယ်။

​”ယဉ်ကျေးမှုတခုအပေါ်မှာ အမြတ်ထုတ်နေတာကို ရပ်ကြပါ။ အစဉ်အလာတခုဆိုပြီး အမျိုးသမီးတွေ နာကျင်အောင်လုပ်နေတာကို ရပ်ကြပါ။ ယဉ်ကျေးမှုဆိုတာ လူသားဂုဏ်သိက္ခာရဲ့ အပေါ်မှာ ရှိနေတာမဟုတ်ပါဘူး။ အစဉ်အလာဆိုတာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုက်စားပစ်ဖို့မဟုတ်ပါဘူး။ လာမယ့်မျိုးဆက်သစ်တွေ လက်မခံရင် ဘယ်ဓလေ့ထုံးတမ်းမှ တာရှည်နေမှာမဟုတ်ပါဘူး။ ဓလေ့ထုံးတမ်းတခုဆိုတာ ကျွန်မတို့ရဲ့ အမျိုးသမီးဖြစ်တည်မှုကို မထိခိုက်စေသင့်ပါဘူး။ တရားမျှတမှုကိုလည်း မထိခိုက်စေသင့်ပါဘူး။ ​မယားပြိုင်စနစ် မသယ်ဆောင်ပါနဲ့ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာနဲ့ လေးစားမှုကိုသာ ဆောင်ကျဉ်းကြပါ။”

Say No To Polygamy

Say Yes To Equality, dignity and respect

​ကိုးကား…

​အာရုနာချယ်ပရာဒေချ်အမျိုးသမီးတွေ

မယားပြိုင်စနစ်ကို ဖျက်သိမ်းရန်တောင်းဆို

https://www.indiatodayne.in/arunachal-pradesh/story/arunachal-womens-welfare-society-demands-action-against-polygamy-and-bigamy-in-state-976255-2024-04-09?hl=en-GB

အရုနာချယ်ပြည်နယ်အမတ်က မယားပြိုင်စနစ်ဖျက်သိမ်းရန်တောင်းဆို

https://www.indiatodayne.in/arunachal-pradesh/story/apwws-hails-mla-honchun-ngandams-bold-call-to-end-polygamy-in-arunachal-1263805-2025-08-19

အာရုနာချယ်ပရာဒေချ် မယားပြိုင်စနစ်ကြောင့် ဖြစ်ပေါ်နေသော လူမှုရေးဆိုင်ရာ ရိုက်ခတ်မှု ရုပ်သံ

အာရုနာချယ်ပရာဒေချ် မယားပြိုင်စနစ်အပေါ် ဆန်းစစ်ချက်တွေ

https://arunachaltimes.in/article/patriarchy-and-polygyny

https://www.thehindu.com/news/national/other-states/arunachal-ngo-seeks-one-man-one-wife-policy-to-end-polygamy/article29654352.ece

https://www.facebook.com/share/v/19m6tL5834
https://journals.sagepub.com/doi/10.1177/0972558X261457589
https://newsreel.asia/articles/polygamy-daughter-arunachal-pradesh-nyishinyishi

အာရုနီချယ်ပရာဒေချ် ဇယားဝင်လူမျိုးစုတွေရဲ့ လက်ထပ်မှုပုံစံ

TRIBES OF ARUNACHAL PRADESH

အိန္ဒိယ မယားပြိုင်စနစ်အား တားမြစ်သည့်ဥပဒေ

Polygamy in India
https://www.studyiq.com/articles/polygamy-in-india-2/?hl=en-GB
What is Bigamy? Meaning, Laws & Punishment in India
PrevPreviousတောင်ကုတ်မှာ ဓားခုတ်မှုကျူးလွန်သူကို ဒီလပ်ဖမ်း
Nextမြန်မာအလုပ်သမားအရေးဆောင်ရွက်သူ Weera Saengthong ဖမ်းဝရမ်းထုတ်ခံရNext
Previous Post

တောင်ကုတ်မှာ ဓားခုတ်မှုကျူးလွန်သူကို ဒီလပ်ဖမ်း

Next Post

မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ Weera Saengthong ဖမ်းဝရမ်းထုတ်ခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-BNA

စပါးအလေးချိန်ကို အာရက္ခအစိုးရသတ်မှတ်အတည်ပြု

November 10, 2026

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

November 10, 2026

တောင်ကုတ်မှာ ဓားခုတ်မှုကျူးလွန်သူကို ဒီလပ်ဖမ်း

November 10, 2026

​မယားပြိုင်ယူရင် နိုင်ငံဝန်ထမ်းလုပ်ခွင့်မရှိဥပဒေကြမ်းကို နီပေါအစိုးရလွှတ်တော်တင်

November 9, 2026

ဂျာမနီသံရုံးယာယီတာဝန်ခံလုပ်ရပ်ကို စစ်တပ်ကန့်ကွက်

စပါးအလေးချိန်ကို အာရက္ခအစိုးရသတ်မှတ်အတည်ပြု

ကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့တွေပါဝင်ဖို့ စစ်တပ်တိုက်တွန်း

Releated Post

ဂျာမနီသံရုံးယာယီတာဝန်ခံလုပ်ရပ်ကို စစ်တပ်ကန့်ကွက်

November 10, 2026
ဓာတ်ပုံ-BNA

စပါးအလေးချိန်ကို အာရက္ခအစိုးရသတ်မှတ်အတည်ပြု

November 10, 2026
ဓာတ်ပုံ-Khun Yar Zar

ကလောမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေစတင်မြင့်တက် (ဓာတ်ပုံသတင်း)

November 10, 2026

လူထုရဲ့ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  နိုင်ငံတော်ပုန်ကန်မှုအဖြစ် တံဆိပ်ကပ်ခြင်း

November 10, 2026
​ကိုးကား-ထိုင်းသတင်းတွေ

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

November 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်အဖွဲ့တွေပါဝင်ဖို့ စစ်တပ်တိုက်တွန်း

November 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page