Border News Agency
ဇိုခေါသာရ်၊ နိုဝင်ဘာ ၁၂။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဇိုခေါသာရ်မြို့အနီး နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတခုမှာ ရူပီလေး ဒသမ ခြောက်ကိုး ကုဋေခန့်တန်ဖိုးရှိ မက်သာဖက်တမင်းစိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာ General Area Crossing Point-III လမ်းကြောင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က စောင့်ဆိုင်းရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီလိုဝင်ရောက်စစ်ဆေးစဉ် သံသယရှိသူတဦးဆီမှ အလေးချိန် ငါး ဒသမ ခုနှစ်ရှစ်ကိုးကီလိုဂရမ်ရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေကို ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။
သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်းတန်ဖိုးဟာ အိန္ဒိယရူပီငွေ လေး ဒသမ ခြောက်ကိုးကုဋေခန့် ရှိကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့သံသယရှိသူတို့ကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူနိုင်ဖို့ ဇိုခေါသာရ်ရဲစခန်းသို့ လွှဲပြောင်းထားပါတယ်။







