Border News Agency
ညောင်ရွှေ၊ နိုဝင်ဘာ ၁၂။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင်းမှာ နိုဝင်ဘာလ ၁၂ မနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပါတယ်။
အဲဒီညောင်ရွှေမြို့တွင်း လမ်းမကြီးတွေနဲ့နေအိမ်ဆိုင်ခန်းတွေအရှေ့မှာ ဒီနေ့မနက် ၇ နာရီ ၄၉ မိနစ်အချိန်က ရေတွေ ဖုံးလွှမ်းနေပြီး ရေပြင်လိုဖြစ်ပေါ်နေတာပါ။
အဲဒီရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူတွေနဲ့ ဆိုင်ကယ်စီးနင်းသွားလာသူတွေဟာ ရေထဲခက်ခက်ခဲခဲ ဖြတ်သန်းသွားလာနေကြရပြီး တချို့နေရာတွေမှာ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေပါတယ်။












