Border News Agency
မြောက်ဦး၊အောက်တိုဘာ ၃။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှာလစ်လပ်နေတဲ့ ဝန်ထမ်းရာထူးနေရာအချို့အတွက်ခန့်အပ်သွားမယ်လို့ အာရက္ခပြည်သူ့ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင် (APSC) ကအောက်တိုဘာလ ၃ ရက်၊ဒီနေ့မှာထုတ်ပြန်ပါတယ်။
အဲဒီခေါ်ယူနေတဲ့ လစ်လပ်ရာထူးတွေကတော့ ကျန်းမာရေးဌာန (ငွေစာရင်းဌာနစိတ်) မှ ဒုတိယဦးစီးအရာရှိတနေရာ၊ ကျန်းမာရေးဌာနမှအငယ်တန်းစာရေး နှစ်နေရာနဲ့ HDCO ဌာနမှ အငယ်တန်းစာရေးတနေရာတို့ ဖြစ်ကြပါတယ်။
အဲဒီအပြင် ဌာနတွင်းဝန်ထမ်းတွေလျှောက်ထားနိုင်တဲ့ HDCO ဌာနမှ အကြီးတန်းစာရေးတနေရာကိုလည်း ထည့်သွင်းခေါ်ယူထားတာဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး သုံးဆယ်ငါးနှစ်ထက်မကြီးသူတွေဖြစ်ရမှာဖြစ်ပြီး ရွေးချယ်ခန့်အပ်ခံရရင် အနည်းဆုံးသုံးနှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
လျှောက်လွှာတွေကို အောက်တိုဘာလ ၁၇ ရက်နေ့နောက်ဆုံးထားပြီး APSC ရုံးရဲ့ Telegram Account ဖြစ်တဲ့ @APSCoffice သို့ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်ထားသူတွေအနေနဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာကျင်းပမယ့် အင်္ဂလိပ်စာနဲ့ သုတေဿနဘာသာရပ်ဆိုင်ရာနှုတ်မေးစာမေးပွဲတွေကို ဖြေဆိုကြရမှာ ဖြစ်ပါတယ်။
အဲဒီအပြင်နှုတ်မေးစာမေးပွဲအောင်မြင်သူတွေရဲ့စာရင်းကို အောက်တိုဘာလ၂၁ ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး လူတွေ့နှုတ်ဖြေစစ်ဆေးမှုတွေကိုတော့ အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ကျင်းပသွားမှာပါ။










