Border News Agency
ကော့စ်ဘဇား၊ နိုဝင်ဘာ ၂၀။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်းအမှတ် ၄ မှာ နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ရှစ်ဆယ့်တကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)ဥက္ကဋ္ဌ ဒေါက်တာ ခါလီလာရာမန်(Dr. Khalilur Rahman)နဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သွားရောက်ခဲ့ပါတယ်။
အဲဒီဒေါက်တာခါလီလာရာမန်နဲ့အဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ဆုံပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)စီရင်ချက်အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အမြင်သဘောထားတွေကို နားထောင်ခဲ့သလို တရားမျှတမှု၊တာဝန်ခံမှု၊ဂုဏ်သိက္ခာရှိမှုနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ဆက်ကြိုးပမ်းနေတယ်လို့ ဒုက္ခသည်တွေကို အားပေးစကားပြောခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာတရားမျှတမှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ အရေးပါတဲ့အခွင့်အလမ်းဖြစ်ပါတယ်။
















