Border News Agency
နယ်သာလန်၊ နိုဝင်ဘာ ၂၀။
ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့ကြတဲ့ တရားသူကြီး ခြောက်ဦးဖြစ်ပါတယ်။
အဲဒီကန့်ကွက်မဲပေးခဲ့ကြတဲ့ တရားသူကြီးခြောက်ဦးထဲမှာ ယူဂန်ဒါနိုင်ငံမှ ဂျူလီယာ ဆီဘူတင်ဒီ (Julia Sebutinde)၊ ဆလိုဗက်ကီးယားနိုင်ငံမှ ပီတာ တွန်ကာ (Peter Tomka)၊ ပြင်သစ်နိုင်ငံမှ ရွန်နီ အေဘရာဟမ် (Ronny Abraham) နဲ့ တရုတ်နိုင်ငံမှ ရှုဟန်ချင် (Xue Hanqin) တို့ ပါဝင်ပါတယ်။
အဲဒီအပြင် ဂျာမနီနိုင်ငံမှ ဂျော့ဂ်ျ နိုလ်တီ (Georg Nolte) နဲ့ မြန်မာနိုင်ငံဘက်က ခန့်အပ်ထားတဲ့ အထူးတရားသူကြီး ဖြစ်တဲ့ ဂျာမနီနိုင်ငံမှ ကလော့စ် ခရက်စ် (Claus Kress) တို့လည်း ကန့်ကွက်မဲပေးခဲ့ကြပါတယ်။










