Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲကို နိုဝင်ဘာလ ၂၀ ရက်၊ဒီနေ့ မနက် ၁၀ နာရီ ၅၃ မိနစ်အချိန်ခန့်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကို မကွေးလေတပ်က တက်လာတဲ့ ဒုတိယမြောက်တိုက်လေယာဉ်တစီးက ကျောက်တော်မြို့နယ်အတွင်းပျံဝဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်အတွင်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။






