Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

​ပါတီ၊ လမ်းစဉ်နဲ့ “ဇဒါနော့ဖ် ဖော်မြူလာ” – ၁

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁၃ ။

​နိုင်ငံရေးအစီအစဉ်တရပ်၊တော်လှန်ရေးအစီအစဉ်တရပ်ကို ပုံဖော်ရာမှာ”ဦးဆောင်နေတဲ့နိုင်ငံရေးအဖွဲ့အစည်းရဲ့ ပုံရိပ်မကျစေဖို့အတွက် လက်တွေ့လူထုဒုက္ခတွေကို ဖုံးကွယ်ပြီး အယူအဆကို အဓမ္မပုံဖော်မှု”ဆိုတာရှိပါတယ်။

လူထုရဲ့ဒုက္ခနဲ့ တော်လှန်ရေး ဖြစ်တည်မှုကြားမှာ ကွာဟလာတာကိုပြောတာပါ။

​”လူထုဒုက္ခနဲ့တော်လှန်ရေးဖြစ်တည်မှု ဘယ်က အရေးကြီးသလဲ” ဆိုတဲ့ မေးခွန်းကို အရင်နားလည်ဖို့လိုပါတယ်။

​တော်လှန်ရေးရဲ့ မူလဇစ်မြစ်
​
လူထုဒုက္ခနဲ့ တော်လှန်ရေးဖြစ်တည်မှုမှာ လူထုဒုက္ခကပဲ မူလဇစ်မြစ်ဖြစ်ပါတယ်။ လူထုဒုက္ခဖြစ်နေလို့ အဲဒီ ဒုက္ခကလွတ်ကင်းဖို့၊ သက်သာဖို့အတွက် တော်လှန်ရေးကိုလုပ်ကြတာပါ။

လူထုဒုက္ခက ရောဂါဆိုရင် တော်လှန်ရေးက ကုသနည်း ဒါမှမဟုတ် ဆေးဖော်စပ်တဲ့နည်းဖြစ်ပါတယ်။ ရောဂါကို ကုသတဲ့အခါ ကုသမှုကြောင့် ခံရတဲ့နာကျင်မှုဆိုတာရှိပါတယ်။ ဆေးဖော်စပ်တဲ့နည်းကို ရှာရတဲ့အတွက် ပင်ပန်းမှုဆိုတာရှိပါတယ်။

အဲဒီတော့ကုသမှုကြောင့် ခံရတဲ့နာကျင်မှုနဲ့ ဆေးဖော်စပ်တဲ့နည်းကို ရှာရတဲ့အတွက် ဆင်းရဲပင်ပန်းမှုဆိုတဲ့ အချက်နှစ်ချက်ထွက်လာပါတယ်။

​အဲဒီနှစ်ချက်နဲ့မပြီးသေးပါဘူး။ နောက်အချက်တခုက “အဲဒီအနာခံရတဲ့ ကုသတဲ့နည်း၊ ဆေးဖော်နည်းတွေဟာ အမှန်တကယ် ရောဂါပျောက်ကင်းမှာလား။” ဆိုတဲ့ အချက်အပေါ် သွယ်ဖယ်သွားလို့မရပါဘူး။ သွယ်ဖယ်ခဲ့ရင် ဘာဖြစ်သွားမလဲဆိုတဲ့ ရလဒ်ကရိုးရှင်းပါတယ်။ နဂိုမူလက ရှိနေတဲ့ရောဂါမပျောက်တဲ့အပြင် အဲဒီကုသနည်း၊ ဆေးနည်းတွေကြောင့် ထပ်ပြီး အခြေအနေဆိုးသွားတာပါပဲ။ အရပ်စကားနဲ့ပြောရရင် ဒါဟာ နှစ်ခါနာမှုပါပဲ။

အဲ​ဒါကြောင့် အဓိကအချက်က လူထုရဲ့ ဒုက္ခဟာ ပင်မဗဟိုချက်ဖြစ်တယ်။ တော်လှန်ရေးဟာ ဒီလူထုဒုက္ခကို ပျောက်အောင်ကုရမယ့် သမားတော် ဖြစ်ရမယ်။ အရေးကြီးတာက သမားတော်ဟာရောဂါကို ကုသတဲ့အခါမှာ ကိုယ့်ရဲ့ ကုသနည်းကြောင့် ရောဂါအခြေအနေပိုဆိုးလာသလား၊ မဆိုးလာဘူးလား ဆိုတာကို အမြဲတမ်းဂရုစိုက်ရပါတယ်။

အဲဒီလိုမဟုတ်ဘဲ ရောဂါပျောက်တာ မပျောက်တာ အသာဖယ်ထား ငါကုသတဲ့နည်း၊ ငါ့ရဲ့ဆေးနည်းက အဓိက ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးက ရောဂါရှင်အတွက် အန္တရာယ်များပါတယ်။

​လူသားသမိုင်းမှာ ဒီလိုရောဂါရှင်အတွက် ရောဂါမပျောက်တဲ့အပြင် ပိုပြီးဆိုးသွားတဲ့ ဖြစ်ရပ်မျိုးတွေ အများကြီးရှိပါတယ်။

​”ဇဒါနော့ဖ် ဖော်မြူလာ” (Zhdanov’s Formula)

​”ဇဒါနော့ဖ် ဖော်မြူလာ” (Zhdanov’s Formula) ဆိုတာဘာလဲ။ “ဇဒါနော့ဖ် ဖော်မြူလာ” ဆိုတာ ရောဂါ မပျောက်တဲ့ အပြင် ပိုပြီးဆိုးဝါးသွားတဲ့ ကိစ္စတွေထဲက ဥပမာပေးစရာလို့ပြောရပါမယ်။

​၁၉၃၀ ပြည့်လွန်ကာလ စတာလင်လက်ထက် ဆိုဗီယက်ပြည်ထောင်စုမှာ ကျင့်သုံးခဲ့တဲ့ “လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” (Socialist Realism) ဟာ ဇဒါနော့ဖ် ဖော်မြူလာကို ဖန်တီးပေးတယ်လို့ပြောရမှာပါ။

​ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒဟာ အလုပ်သမား၊ လယ်သမား စတဲ့ အရင်းမဲ့လူတန်းစားတွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းဖို့အတွက် ပေါ်လာတာပါ။ ဇစ်မြစ်ဟာ လူမှုဒုက္ခတွေဖြစ်တယ်။

အဲဒီလူမှုဒုက္ခတွေကို ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်နဲ့ ဖြေရှင်းနိုင်မယ်၊ ကုသနိုင်မယ်လို့ ယူဆကြတာကြောင့် ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်ကို အကောင်အထည်ဖော်ခြင်းဟာ ကုသနည်း၊ ဆေးနည်းဖြစ်တယ်ပေါ့။

အဲဒီတော့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ နည်းနာတွေကစကားပြောလာပါတယ်။

ဘယ်လို အစီအစဉ်မျိုးနဲ့ ကုသမယ်၊ ဘယ်လိုအစီအစဉ်မျိုးနဲ့ ဆေးဖော်မယ်ပေါ့။

ဆိုဗီယက်မှာ စတာလင်တို့ရဲ့ ကုသနည်း၊ ဆေးဖော်နည်းက “လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” ပါပဲ။

အဲဒီ “လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” ကို အကောင်အထည်ဖော်တဲ့အခါ ခံယူချက် နဲ့ လုပ်ရပ်ကို “ဇဒါနော့ဖ် ဖော်မြူလာ” နဲ့ လမ်းညွှန်ပါတယ်။

​”လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” (Socialist Realism)​စတာလင်တို့ရဲ့ “လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” ဆိုတာကိုလည်း ရှင်းပြရအုံးမှာပါ။

စတာလင်တို့ပြောတဲ့ “လက်တွေ့ကျတဲ့ ဆိုရှယ်လစ်ဝါဒ” ဆိုတဲ့ အဓိပ္ပာယ်က ဆိုရှယ်လစ်လူ့ဘောင်ကို စိတ်ကူးတွေယဉ်ပြီး လောက နိဗ္ဗာန်ဆောက်နေတာမဟုတ်ဘူးပေါ့။ လက်ရှိအရှိတရားနဲ့ အကောင်အထည်ဖော်လို့ရတဲ့ လုပ်ငန်းစဉ်တွေဆိုတဲ့ သဘောပါ။ ဆင်းရဲသားတွေ၊ အလုပ်သမား၊ လယ်သမားတွေရဲ့ လူမှုဒုက္ခကို လက်တွေ့ကျကျဖြေရှင်းမယ်ဆိုတဲ့ သဘောပါ။

အဲဒီတော့ စတာလင်တို့ရဲ့ လက်တွေ့ကျကျဖြေရှင်းလိုက်ပုံက ကြောက်စရာကောင်းသွားပါတယ်။

အကောင်အထည်ဖော်လိုက်ခါမှ စောစောကပြောတဲ့ ဆင်းရဲသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ လူမှုဒုက္ခကမပျောက်သွားဘဲ ပိုဆိုးသွားပါတော့တယ်။

​ဟိုလိုဒိုမိုရ် (Holodomor)

​၁၉၃၀-၁၉၃၃ ခုနှစ်တွေအတွင်း စတာလင်ရဲ့ “လက်တွေ့ကျတဲ့ ဆိုရှယ်လစ် ဝါဒ” ရဲ့ စုပေါင်းလယ်ယာမြေစနစ် (Collectivization) အပါအဝင် အခြားမူဝါဒအမှားတွေကြောင့် ဆိုဗီယက်ပြည်ထောင်စုတဝှမ်းမှာ အငတ်ဘေးဆိုက်ခဲ့ပါတော့တယ်။

ယူကရိန်းဒေသမှာ ဖြစ်ခဲ့တဲ့ လူလုပ်အငတ်ဘေးက နာမည်ကျော်ပါတယ်။

အဲဒီအငတ်ဘေးကို လူလုပ်အငတ်ဘေး ဟိုလိုဒိုမိုရ် (Holodomor) လို့ ခေါ်ကြပါတယ်။

​စတာလင်တို့ အုပ်ချုပ်သူ ဆိုဗီယက်အစိုးရကတော့ လက်တွေ့ကျတဲ့ ဆိုရှယ်လစ်စနစ်နဲ့အောင်မြင်နေပြီ၊ ဘာပြဿနာမှမရှိဘဲ နိုင်ငံတော်တိုးတက်နေပြီလို့ ဝါဒဖြန့်နေချိန်မှာ မြေပြင်မှာတော့ ယူကရိန်းပြည်သူ သုံးဒဿမငါးသန်းမှလေးသန်းခန့်၊ ဆိုဗီယက် ပြည်ထောင်စု တဝန်းလုံးမှာ တချို့ခန့်မှန်းချက်တွေအရ လူဦးရေငါးဒဿမခုနှစ်သန်းမှရှစ်ဒဿမခုနှစ်သန်းထိ အငတ်ဘေးကြောင့် အလူးအလဲ သေဆုံးခဲ့ကြရပါတယ်။

​လူတွေ အစာခေါင်းပါးလို့ လမ်းတွေပေါ်မှာ သေဆုံးနေချိန်မှာတောင် သတင်းစာတွေနဲ့ အနုပညာတွေထဲမှာတော့ ပြည်သူတွေ ပျော်ရွှင်ဝဝလင်လင် စားသုံးနေရပုံကိုသာ ဆက်ဝါဒဖြန့်နေခဲ့ကြပါတယ်။

​အဲလိုဖြစ်နေတာကို မပြောဘူးလားလို့ မေးရင် ဘယ်သူမှ အသံမထွက်ရဲပါဘူး။

အဲဒီလို အသံမထွက်အောင်လည်း “ဇဒါနော့ဖ်ဖော်မြူလာ”(Zhdanov’s Formula)ကို အကောင်အထည် ဖော်ထားပါတယ်။

​”ဇဒါနော့ဖ်ဖော်မြူလာ” (Zhdanov’s Formula) ပေါ်ထွက်လာခြင်း
​
၁၉၃၀ ပြည့်နှစ်နဲ့ ၁၉၃၃ ခုနှစ်အတွင်းမှာ “လက်တွေ့ကျ ဆိုရှယ်လစ်ဝါဒ” ကြောင့် လူထုဟာ ဒုက္ခတွေကို လက်တွေ့တင်မက နဖူးတွေ့၊ ဒူးတွေ့ ဘဝမေ့အောင်ပါ ကြုံလိုက်ရပါတော့တယ်။

အဲဒီ “လက်တွေ့ကျ ဆိုရှယ်လစ် ဝါဒ” ကို လူတွေဟာ မေးခွန်းထုတ်လာ၊ ငြီးငြူလာကြပါပြီ။

အဲဒီလို မေးခွန်းထုတ်တာ၊ ငြီးငြူတာကို စတာလင်တို့က မကြိုက်ပါဘူး။

အဲဒီတော့ စတာလင်တို့တသိုက်ဟာ အကွက်တွေ ဆင်လာရပါတယ်။

စတာလင်တို့ အုပ်စုထဲမှာ အန်ဒရေ ဇဒါနော့ဖ် (Andrei Zhdanov) ဆိုတဲ့ဗဟိုကော်မတီဝင်တယောက်ရှိပါတယ်။

​သူက ၁၉၃၄ ခုနှစ် ဆိုဗီယက်ပြည် ထောင်စုရဲ့ စာရေးဆရာများညီလာခံမှာ “ဇဒါနော့ဖ်ရဲ့ ဖော်မြူလာ” (Zhdanov’s Formula) ကို ဆိုရှယ်လစ် လက်တွေ့ဝါဒ (Socialist Realism) အတွက် တင်သွင်းပါတော့တယ်။

သူဆိုလိုချင်တာက လက်တွေ့ကျတဲ့ ဆိုရှယ်လစ် လူ့ဘောင် တနည်း ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမား လူတန်းစားတွေ ရဲ့ လူမှုဒုက္ခက လွတ်တဲ့လူ့ဘောင်ဖြစ်ဖို့ဆိုရင် “ဇဒါနော့ဖ်ရဲ့ ဖော်မြူလာ” ကို လုပ်ရမယ်ဆိုတဲ့ သဘောပါ။

​အဲဒီ ညီလာခံမှာ ဇဒါနော့ဖ်ရဲ့ နာမည်ကျော် စကားတခွန်းရှိပါတယ်။
​(A combination of the most austere, sober, and practical work with supreme heroism and the most grandiose prospects) ဆိုတဲ့စကားပါ။

အဲဒီ​အဓိပ္ပာယ်က (A combination of the most austere, sober, and practical work)ဆိုတာ “အဆိုးဆုံး ခက်ခဲမှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ လက်တွေ့ကျတဲ့ အလုပ်” ဆိုတဲ့ သဘောပါ။ (with supreme heroism and the most grandiose prospects) ဆိုတာက “အထွတ်အထိပ်ရောက်တဲ့ သူရဲကောင်းဆန်မှုနဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အနာဂတ်အလားအလာ” ဆိုတဲ့ သဘောပါ။

​အဲဒီစကားရဲ့ အဓိပ္ပာယ်က –
ပြည်သူတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခ၊ ပင်ပန်းဆင်းရဲမှုနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုပြီး လက်တွေ့မြေပြင်မှာ ပါတီရဲ့ တာဝန်ဝတ္တရားတွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ပါတီရဲ့ညွှန်ကြားချက်တွေကို အမှန်အတရားအဖြစ် မငြီးတွားဘဲ အလုပ်လုပ်ကြရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

​အဲဒီလိုအလုပ်လုပ်တဲ့အခါ သာမန်လုပ်သားတယောက်လို မဟုတ်ဘဲ ပါတီရဲ့ အမိန့်ကို အကြွင်းမဲ့နာခံကာ သူရဲကောင်းတယောက်လို စွန့်လွှတ်စွန့်စား လုပ်ရမှာဖြစ်ပြီး လက်ရှိဒုက္ခတွေ ဘယ်လောက်ကြီးနေပါစေ၊ အနာဂတ်မှာ ကွန်မြူနစ်အိပ်မက်ကြီးက ကြီးကျယ်ခမ်းနားပြီး သာယာနေလိမ့်မယ်ဆိုတာကို အမြဲ တမ်းရှေ့တန်းတင်ထားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

အဓိပ္ပာယ်က “လူထုဟာ လက်ရှိကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခနဲ့ အမှန်တရားတွေကို ငြီးမတွားကြနဲ့၊ ပါတီရဲ့ လမ်းညွှန်မှု အမိန့်အတိုင်း ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ်ကြ၊ ဒါဟာ အနာဂတ်ကောင်းဖို့၊ သာယာဝပြောဖို့အတွက် ဖြစ်တယ်။”ဆိုတဲ့ ဝါဒဖြန့်အိပ်မက်ကြီးကိုသာ အတင်းအကျပ်ဦးထိပ်ပန်ဆင်ကြဆိုတဲ့ သဘောပါ။

အဲ​ဒါဟာ ဟိုလိုဒိုမိုရ် (Holodomor) လို အငတ်ဘေးဆိုက်ပြီး မသေမရှင်ဖြစ်နေတဲ့ လူထုကိုပြောတဲ့စကားလည်း ဖြစ်ပါတယ်။

အဲ​ဒီဖော်မြူလာကြီးကို စတာလင်တို့ဟာ အကောင်အထည်ဖော်ပါတော့တယ်။

အဲဒီလိုအကောင်အထည် ဖော်တဲ့အခါ မြေပြင်မှာ အောက်ပါရလဒ်တွေ ထွက်လာပါတယ်…။

​- “ဆိုရှယ်လစ် လက်တွေ့ဝါဒ” (Socialist Realism) ဆိုတာ လူထုရဲ့ လူမှုဒုက္ခကို ဖြေရှင်းဖို့ ပေါ်ပေါက်လာတာဖြစ်တယ်။

အဲဒါကြောင့် ဆိုရှယ်လစ်လက်တွေ့ဝါဒကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခ၊ အငတ်ဘေးနဲ့အမှန်တရားကို စာပေ၊အနုပညာ၊ရုပ်ရှင်နဲ့ မီဒီယာတွေဟာ ရေးသားဖော်ပြခွင့်မရှိဘူး။

အဲဒီလိုရေးလာပြောလာရင် ဒါဟာ တော်လှန်ရေးကို စော်ကားတာ၊သစ္စာဖောက်တာ၊ ဖောက်ပြန်တာတနည်း တော်လှန်ရေးဦးဆောင်မှုကို ယိုင်လှဲအောင်လုပ်တာဖြစ်တယ်လို့သတ်မှတ်ပါမယ်။

အဲဒီလိုလုပ်ရပ်ကို ပြတ်ပြတ်သားသား ကိုင်တွယ်ပါမယ်။

အဲဒါကြောင့် ပါတီရဲ့ လမ်းစဉ်နဲ့ အနာဂတ် ကွန်မြူနစ်အိပ်မက္ (Great Dream) ကို “အကောင်းမြင်စိတ် အပြည့်ရှိတဲ့၊ အောင်မြင်ထက္မြက်နေတဲ့၊ အနှိုင်းမဲ့တဲ့” ပုံစံမျိုးနဲ့သာ ဖန်တီးပြရပါမယ်။

​- အကျိုးဆက်က လက်တွေ့ဘဝမှာ လူထုဟာ အလူးအလဲခံစားနေရပေမယ့်၊ ပုံရိပ်တွေထဲမှာတော့ အလုပ်သမားနဲ့ လယ်သမားတွေဟာ အမြဲတမ်းပြုံးရွှင်လို့၊ ကျန်းမာသန်စွမ်းနေလို့ တော်လှန်ရေးနဲ့ စနစ်ကြီးကို လွန်စွာကျေးဇူးတင်နေပုံကိုသာ ဖော်ပြနေရပါတယ်။

အဲဒါဟာ အမှန်တရားမပါတဲ့၊ တရားမျှတမှုမပါတဲ့ မဟာစံပြ တက်ကြွလှစွာဖြင့် ကျေးဇူးတော်တင်မှု ပုံရိပ် (Idealized Representation) ဖြစ်သလို အမှန်တရားကို ဖုံးကွယ်ပြီး စံပြပုံစံဖန်တီးခြင်းလည်းဖြစ်ပါတယ်။

​- တဖက်မှာ လူထုဟာ အခက်အခဲနဲ့ ဒုက္ခဖြစ်နေရင်လည်း ပါတီ၊ လမ်းစဉ်နဲ့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အနာဂတ်က သာယာလှပနေမယ်ဆိုတာကိုယုံကြည်နေရပါမယ်။

အငတ်ဘေးဆိုက်တာ ပါတီ၊ လမ်းစဉ် နဲ့ ဦးဆောင်သူတွေကြောင့်မဟုတ်ပါဘူး။ စားစရာမရှိလို့ ငတ်တာ သာဖြစ်တယ် စသည်ဖြင့်ပေါ့။

ဘယ်လိုပဲဆိုဆို ဒါဟာမြင့်မြတ်လှတဲ့ တော်လှန်ရေးရဲ့ ရွေးနှုတ်တော်မူခြင်း (Revolutionary Optimism) သာ ဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို တော်လှန်ရေးမှားနေရင်လည်း အမှန်ဖြစ်တယ် ဆိုတဲ့ အတင်းအကျပ် အကောင်းကိုမြင်ရမယ့်ဝါဒတနည်း ဝေဖန်ခွင့်လုံးဝ လုံးဝမရှိရပါ။

  • အရေးကြီးတဲ့အချက်က ပါတီ၊ လမ်းစဉ်နဲ့ အနာဂတ် ကွန်မြူနစ်အိပ်မက် (Great Dream) ကြီး လျှမ်းလျှမ်းတောက် အောင်မြင်ဖို့အတွက် လူထုအားလုံးမှာတာဝန်ရှိပါတယ်။

အဲဒါဟာ (Partisan Requirement) လည်းဖြစ်တယ်။ လူထုဟာ မိမိကိုယ်ကို နိုင်ငံရေးတာဝန်ဝတ္တရားအဖြစ် ခံယူစေရပြီး ပါတီ၊ လမ်းစဉ်နဲ့ အနာဂတ် ကွန်မြူနစ်အိပ်မက်ကြီး လျှမ်းလျှမ်းတောက်အောင်မြင်ဖို့အတွက် ပေးဆပ်ရပါမယ်။ ပေးဆပ်မှုအပေါ် ဘာဝေဖန်စစ်ဆေးခွင့်မှမရှိစေရပါဘူး။

​ခြေလေးချောင်းတော်လှန်ရေး

အဲ​ဒီလိုအခြေအနေမျိုးတွေကြောင့် ဂျော့ချ် အိုဝဲလ် (George Orwell) လို ဆိုဗီယက်စနစ်ကို ပြန်သရော်တဲ့ Animal Farm ဝတ္ထုမျိုး ၁၉၄၅ ခုနှစ်မှာ ထွက်လာတာပါ။

အဲဒီစာအုပ်ကို ဆိုဗီယက်အာဏာပိုင်တွေဟာ ဆတ်ဆတ်ခါအောင်နာပြီး ပိတ်ပင်ခဲ့တာပါ။

​”ဇဒါနော့ဖ် ဖော်မြူလာ” (Zhdanov’s Formula) လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးဆယ်ကျော်ကာလ ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ခုအချိန်ထိ ဇဒါနော့ဖ် ဖော်မြူလာတွေက ရှိနေတုန်းပါပဲ။

ဇဒါနော့ဖ် ဖော်မြူလာတွေ ပေါ်လာသမျှ ဂျော့ချ် အိုဝဲလ် ရဲ့ ခြေလေးချောင်းတော်လှန်ရေးဟာ ခေတ်မီနေဦးမှာပါပဲ။

PrevPreviousထိုင်းရောက် မြန်မာတွေအတွက် CI စခန်းတွေစဖွင့်မယ်
Nextမင်းတုန်းမှာ စစ်တပ်ပါရာမော်တာနဲ့တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံးNext
Previous Post

ထိုင်းရောက် မြန်မာတွေအတွက် CI စခန်းတွေစဖွင့်မယ်

Next Post

မင်းတုန်းမှာ စစ်တပ်ပါရာမော်တာနဲ့တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - APM

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါ သုံးဦးဒဏ်ရာရ

October 12, 2026
​ဓာတ်ပုံ-APM

တောင်ကုတ်မှာ ယာဉ်စည်းကမ်းလိုက်နာရေး ULA အသိပညာပေးနေ

October 11, 2026
ဓာတ်ပုံ - အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့

​အဉ္ဇနပူရမှာ လယ်သမားတဦးကိုသတ်ခဲ့တဲ့ တရားခံနှစ်ဦးဖမ်းမိ

October 11, 2026
​ဓာတ်ပုံ - APM

ဆင်အိုင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူထဲက အမျိုးသမီးနှစ်ဦးသေဆုံး

October 11, 2026

စံခလပူရီမှာမြန်မာလုပ်သား ဆယ့်လေးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

​နီပေါမှာရေကြီးမြေပြိုလို့ မြစ်ကမ်းနားကလူနေအိမ်နဲ့တံတားတွေပျက်စီး(ဓာတ်ပုံသတင်း)

ဝက်လက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးသေဆုံး (ဓာတ်ပုံသတင်း)

ရန်ကုန်မှာ သတ်မှတ်နေရာက လမ်းဖြတ်မကူးရင် အရေးယူမယ်

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါ သုံးဦးဒဏ်ရာရ

တောင်ကုတ်မှာ ယာဉ်စည်းကမ်းလိုက်နာရေး ULA အသိပညာပေးနေ

Releated Post

စံခလပူရီမှာမြန်မာလုပ်သား ဆယ့်လေးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

October 12, 2026
ဓာတ်ပုံ-e Kantipur

​နီပေါမှာရေကြီးမြေပြိုလို့ မြစ်ကမ်းနားကလူနေအိမ်နဲ့တံတားတွေပျက်စီး(ဓာတ်ပုံသတင်း)

October 12, 2026
ဓာတ်ပုံ-ဝက်လက်သတင်းကွန်ရက်

ဝက်လက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးသေဆုံး (ဓာတ်ပုံသတင်း)

October 12, 2026
​ဓာတ်ပုံ - BNA

ရန်ကုန်မှာ သတ်မှတ်နေရာက လမ်းဖြတ်မကူးရင် အရေးယူမယ်

October 12, 2026
ဓာတ်ပုံ - APM

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါ သုံးဦးဒဏ်ရာရ

October 12, 2026
​ဓာတ်ပုံ-APM

တောင်ကုတ်မှာ ယာဉ်စည်းကမ်းလိုက်နာရေး ULA အသိပညာပေးနေ

October 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page