Border News Agency
နီပေါ၊ အောက်တိုဘာ ၁၂။
နီပေါနိုင်ငံ၊ ဂေါ်ရခါးခရိုင်၊ ချူမနူဘရီကျေးလက်ဒေသရှိ ဗူဒီဂန်ဍကီမြစ်တလျှောက်မှာ အောက်တိုဘာလ ၁၁ ရက်နေ့ကရွှံ့ညွန်နဲ့ ကျောက်စရစ်တွေပါဝင်တဲ့ ရုတ်တရက်ရေကြီးမြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းနားတလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ၊ တံတားတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ထိခိုက်ပျက်စီးခဲ့ရတာပါ။
အဲဒီအပြင်ရေဘေးသင့်ခဲ့တဲ့ကျေးရွာတွေမှာ ရွှံ့နွံတွေနဲ့အပျက်အစီးတွေဖုံးလွှမ်းသွားခဲ့ပြီး ဒေသခံတွေရဲ့နေ့စဉ်လူမှုဘဝနဲ့ သွားလာရေးလည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အဲဒီနေရာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံတွေကလိုအပ်တဲ့ ကူညီကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြပါတယ်။













