Border News Agency
ဝက်လက်၊ အောက်တိုဘာ ၁၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ မဲကုန်းရွာ၊ ဥယျာဉ်မရွာ၊ ရေထွက်ရွာနဲ့ ကျီးကန်မြောက်ရွာတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးသွားပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီကျေးရွာတွေကို တံတားဦးလေတပ်မှတက်လာတဲ့ စစ်ထောက်ပို့ဗုံးကြဲလေယာဉ်တစီးက အောက်တိုဘာလ၁၂ ရက်၊ဒီနေ့ မနက်ကဆယ့်သုံးကြိမ်ထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် မဲကုန်းရွာမှအရပ်သားလေးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကာ ရေထွက်ရွာမှာလေးဦး၊ ဥယျာဉ်မရွာမှာတဦးနဲ့ ကျီးကန်းမြောက်ရွာမှာတဦးတို့ဒဏ်ရာတွေရသွားခဲ့ကြတာပါ။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေသေဆုံးထိခိုက်ခဲ့ရတဲ့အပြင် ပြည်သူပိုင်နေအိမ်အချို့လည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။









