Border News Agency
ဝီရဌာနီ၊ အောက်တိုဘာ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီကို အောက်တိုဘာလ ၁၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆယ့်တနှစ်အရွယ် မောင်မင်းခန့်နိုင်၊အသက်ဆယ့်ရှစ်အရွယ် မဆောင်းနှင်းဝေနဲ့ အသက်လေးဆယ်ရှစ်နှစ်အရွယ် ဒေါ်ဦးသိန်းညွှန့် ဒဏ်ရာရသွားခဲ့ပါတယ်။
ဝီရဌာနီမြို့၊ရပ်ကွက် ၃ ကို အောက်တိုဘာလ ၁၁ ရက်၊ နေ့လည် ၂ နာရီကျော်အချိန့်က အာဏာသိမ်းစစ်တပ်ရဲ့ Y – 12 လေယာဉ်တစီးနဲ့ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးသီးဟာ ရပ်ကွက် ၃ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်မင်းခန့်နိုင်ရဲ့ ညာဖက်ပါးနဲ့ ညာဖက်ပေါင်၊မဆောင်းနှင်းဝေမှာ လည်ပင်းဒဏ်ရာနဲ့ ဒေါ်ဦးသိန်းညွှန့်မှာ တင်နဲ့ခေါင်းဒဏ်ရာရသွားခဲ့တာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီဝီရဌာနီမြို့နယ်၊ဆင်အိုင်ရွာကို အောက်တိုဘာဘ ၁၀ ရက်နေ့ကလည်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အပြစ်မဲ့အရပ်သားပြည်သူရှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူထဲကအသက် သုံးဆယ့်တနှစ်အရွယ်မယီယီသန်းနဲ့ အသက်ရှစ်ဆယ့်သုံးနှစ်အရွယ် ဒေါ်ကြာညိုတို့ အောက်တိုဘာလ ၁၁ ရက်၊မနက်ပိုင်းက ထပ်မံသေဆုံးသွားခဲ့တာပါ။













