Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၁။
မလေးရှားနိုင်ငံက ပြန်လာတဲ့ရခိုင်ပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ပါတယ်။
အဲဒီနိုင်ငံသားကတ်တွေကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးမှာ အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
အဲဒီနေရပ်ပြန်လာသူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ကူညီဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။
အဲဒီရခိုင်တွေကို စာရင်းကောက်ယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ဆက်ထုတ်ပေးနေတာလို့ဆိုပါတယ်။









