Border News Agency
မဏိပူရ၊အောက်တိုဘာ ၁၀။
အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်စပ်တလျှောက်မှာ လုံခြုံရေးတိုးမှာမို့ ကီလိုမီတာရှစ်ဆယ်ကို အိန္ဒိယအစိုးရထပ်ခြံစည်းရိုးခတ်ဖို့ရှိနေပါတယ်။
အဲဒီနယ်စပ်တလျှောက်ကီလိုမီတာနှစ်ရာလေးဆယ်ထဲက ငါးဆယ်ငါးကီလိုမီတာခန့် ခြံစည်းရိုးခတ်ပြီးနေပါတယ်။
နောက်ထပ်ကီလိုမီတာရှစ်ဆယ်အတွက် ခန့်မှန်းကုန်ကျငွေ ရူပီးကုဋေ ၃,၂၂၃ ခန့်အကုန်ကျခံ တည်ဆောက်သွားမှာဖြစ်ပါတယ်။
အဲဒီနယ်စပ်ခြံစည်းရိုးကာရံတာတွေကို ၂၀၂၂ ခုနှစ်၊ဇွန်လကစတင်ခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ မဏိပူရပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
ဒါပေမယ့်မြေပြင်အခြေအနေအရ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကျပ်မှုတွေမြင့်တက်လာနေပြီး တရားမဝင်ဝင်ရောက်မှုနဲ့ နယ်စပ်ဖြတ်ကျော်တရားမဝင် သယ်ယူပို့ဆောင်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အိန္ဒိယကခြံစည်းရိုးကာရံတာနဲ့ ကင်းလှည့်တာကိုအဓိကလုပ်နေတာပါ။
အဲဒီအပြင် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် နယ်မြေလုံခြုံရေးတည်ငြိမ်ဖို့အတွက် အာသမ်ရိုင်ဖယ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်ဆေးရေးတွေတိုးလုပ်နေပါတယ်။
အဲဒီနယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားမဝင်ဝင်ရောက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် ခြံစည်းရိုးစီမံကိန်းတွေကို အရှိန်မြှင့်ဆက်အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။











