Border News Agency
မြေပုံ၊ အောက်တိုဘာ ၁၁။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမြေပုံမြို့၊ သဲတန်းရပ်ကွက်ရှိ ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ ခေါဇာတောင်ပေါ်ကို အောက်တိုဘာလ ၁၀ရက်၊ည ၁၁နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ ချင်းအမျိုးသားအသက်သုံးဆယ်တနှစ်အရွယ် ကိုအောင်ဆန်းဝေရဲ့ ဦးခေါင်းနဲ့ ညာဖက်လက်မောင်းမှာပြင်းထန်ဒဏ်ရာရသွားခဲ့ပြီး သူရဲ့မိခင်မှာလည်း အိမ်ပြိုကျလို့ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသူတွေဆေးကုသမှုခံယူဖို့ ငွေကြေးမတတ်နိုင်တာမို့ အကူအညီတွေလိုအပ်နေပါတယ်။
အဲဒီအပြင် ဝီရဌာနီမြို့နယ်၊ ဆင်အိုင်ရွာကိုလည်း အောက်တိုဘာ ၁၀ ရက်၊ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားခုနှစ်ဦးသေဆုံးပြီး ဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။


















