Border News Agency
နယူးယောက်၊ အောက်တိုဘာ ၁၁။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သစ်ပင်စိုက်ပျိုးတဲ့ လှုပ်ရှားမှုကို အောက်တိုဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ကိုထိန်လင်းဦးဆောင်တဲ့ “FREE HER Campaign” ကို ထောက်ခံတဲ့အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နယူးယောက်ရောက် မြန်မာတွေပူးပေါင်းပြီး သက်ဆိုင်ရာခွင့်ပြု
ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မြောက်မှုကိုရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှတ်တရသစ်ပင် ရှစ်ဆယ်နှစ်ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြတာပါ။
မတရားဖမ်းဆီးခံထားရမှုတွေကို နိုင်ငံတကာကပိုသိရှိစေဖို့နဲ့ လွတ်မြောက်ရေးအတွက် အခုလို ငြိမ်းချမ်းစွာသစ်ပင်စိုက်ပျိုးလှုပ်ရှား ခဲ့တာဖြစ်ပါတယ်။












