Border News Agency
ဝီရဌာနီ၊ အောက်တိုဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊ဆင်အိုင်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခုနှစ်ဦးသေဆုံးပြီး ဆယ့်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲက အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးသွားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ကိုးဦးအထိရှိလာပြီဖြစ်ပါတယ်။
ဆင်အိုင်ကျေးရွာမှ အသက် သုံးဆယ့်တနှစ်အရွယ်မယီယီသန်းနဲ့ အသက် ရှစ်ဆယ့်သုံးနှစ်အရွယ် ဒေါ်ကြာညိုတို့ထပ်မံသေဆုံးသွားခဲ့တာပါ။
အဲဒီအထဲက မယီယီသန်းနဲ့ ဒေါ်ကြာညိုဟာဗုံးစထိမှန် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူနေချိန် အောက်တိုဘာလ ၁၁ ရက်၊မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ရခိုင်အမျိုးသမီးခြောက်ဦး၊မွတ်ဆလင်အမျိုးသားတဦးနဲ့ မွတ်ဆလင်အမျိုးသမီးနှစ်ဦးတို့ သေဆုံးသွားခဲ့ရပါတယ်။










