Border News Agency
တောင်ကုတ်၊အောက်တိုဘာ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က အသိပညာပေးနှိုးဆော်တာတွေကိုလုပ်ဆောင်နေပါတယ်။
အဲဒီအသိပညာပေးမှုမှာ ဆိုင်ကယ်စီးသူတွေဦးထုပ်ဆောင်းဖို့၊ ဆိုင်ကယ်တစီးမှာ လူသုံးဦးစီးနင်းတာတွေမပြုလုပ်ဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် လိုက်နာကြဖို့ အဓိကထားနှိုးဆော်နေတာဖြစ်ပါတယ်။
အဲဒီအပြင် သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်ရင် ဒဏ်ကြေးငွေကျပ်ငါးထောင်မှ သုံးသိန်းအထိပေးဆောင်ရမှာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်တာနဲ့ အရက်သောက်ပြီး မောင်းနှင်ရင်ဒဏ်ကြေး ကျပ်ငါးသောင်းသတ်မှတ်ထားပါတယ်။
ကုန်တင်ကားတွေပစ္စည်းလုံခြုံစွာမဖုံးအုပ်တာနဲ့ သုံးတန်အထက်ကားတွေမြို့အတွင်း ကုန်တင်ကုန်ချလုပ်ရင် ကျပ်သုံးသိန်းအထိဒဏ်ကြေးပေးရမှာပါ။
ဒေသတွင်းယာဉ်အန္တရာယ်ကင်းဝေးစေဖို့နဲ့ လမ်းအသုံးပြုသူတွေဘေးအန္တရာယ်ကင်းရှင်းစေဖို့ ULA တာဝန်ရှိသူတွေက ခုလိုစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေကိုဆက်လုပ်နေကြတာပါတယ်။










