Border News Agency
မင်းတုန်း၊ အောက်တိုဘာ ၁၃။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ပါရာမော်တာတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦး အပါအဝင်သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရသွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်းကထုတ်ပြန်ပါတယ်။
အဲဒီမင်းတုန်းမြို့နယ်၊မဲဇလီကျေးရွာကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကပါရာမော်တာနှစ်စီးမှ ဗုံးသီးရှစ်လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်လေးဆယ်အရွယ်ကိုစည်သူသေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ရတာပါ။
အဲဒီအပြင်မင်းတုန်းမြို့နယ်၊ချင်းနစ်ကျေးရွာကို အောက်တိုဘာလ၈ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ရှစ်ဆယ့်သုံးနှစ်အရွယ် ဦးထွန်းတင်နဲ့ အသက် တဆယ့်နှစ်နှစ်အရွယ် မောင်ဝေယံဦးတို့သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်မှာစစ်ရေးရှုံးနိမ့်နေချိန်မှာ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ဆိုပါတယ်။











