Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ရှိ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာဟာ လူ့သမိုင်းတလျှောက်အဆိုးရွားဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခကပြောပါတယ်။
အဲဒီမြောက်ဦးမြို့ရှိ ယာယီသားဖွားဆေးရုံကို နိုဝင်ဘာလ ၁ ရက်၊ညနေ ၅ နာရီခွဲအချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မွေးကင်းစကလေးငယ်တဦးအပါအဝင်ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခဒေသကဆေးရုံတွေအပါအဝင် အများပြည်သူအသုံးပြုတဲ့ လမ်းတံတားတွေကို အာဏာသိမ်းစစ်ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်။
အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျရုပ်မာတဲ့လုပ်ရပ်တွေဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကိုချိုးဖောက်ကာစစ်ရာဇဝတ်မှုကိုပြော
င်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ ပါဝင်ပတ်သက်သူတဦးချင်းစီကို လက်တုံ့ပြန်အရေးယူနိုင်ဖို့ ULA/AA အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။








