Border News Agency
မလေးရှား၊ နိုဝင်ဘာ ၃။
မလေးရှားနိုင်ငံ၊တာရန်ဂါနူးပြည်နယ်ရှိ မာရန်း၊ ဒွန်ဂန်၊ ကီမမန်နဲ့ ကွာလာနီရူးစ် ဒေသတွေမှာ နိုဝင်ဘာလ ၂ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားဆယ်ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသား တဆယ့်ရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
တာဝန်ရှိသူတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူနေအိမ်တွေ အပါအဝင် စုစုပေါင်းနေရာဆယ့်တခုကို ဝင်ရောက်စစ်ဆေးခဲ့ပြီး လူလေးဆယ့်ခြောက်ဦးရဲ့ အထောက်အထားတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားဆယ် ဦး၊အမျိုးသား ကိုး ဦးနဲ့ ဆယ်ကျော်သက် တဦး၊အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသားနှစ်ဦးတို့ပါဝင်ပြီး အသက်တဆယ့်ငါးနှစ်နဲ့ ငါးဆယ်ကြားရှိသူတွေဖြစ်ကြပါတယ်။
သူတို့ဟာ ခိုင်လုံတဲ့ အထောက်အထား မရှိတာ၊ဗီဇာသက်တမ်း ကျော်လွန်နေထိုင်တာနဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ စည်းမျဉ်းတွေကို ဖောက်ဖျက်ကျူးလွန်ထားတာတွေကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့အညီ ဆက်လက်အရေးယူသွားမှာပါ။
တာရန်ဂါနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သား ပပျောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်တင်းကြပ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။






















