Border News Agency
မကွေး၊ နိုဝင်ဘာ ၄။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်လေကြောင်း တိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင်အရပ်သားခုနှစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီပေါက်မြို့နယ်၊ကျောက်ခွက်ရွာနဲ့လယ်လန်းရွာကို နိုဝင်ဘာလ ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦး သေဆုံးကာဆယ့်ငါး ဦး ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအပြင်နေအိမ်တွေပျက်စီးခဲ့ရသလိုမွေးမြူရေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာကြောင့်ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ရက်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊အမိုးအကာ အပါအဝင် အရေးပေါ် အကူအညီတွေလိုအပ်နေကြပါတယ်။
















