Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၄။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးချဲ့လုပ်ကိုင်ဖို့ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေ ပြန်ဝင်ရောက်လာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Tor Saralamba က ပြောပါတယ်။
အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနဲ့ ထိုင်းသံအမတ်ကြီးဟာ နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ကြပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြ န်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ရရှိတဲ့အမြတ်ဝေစုနဲ့ ချေးငွေဆိုင်ရာ ငွေကြေးတွေကို ထိုင်းနိုင်ငံဆီ ပြန်လွှဲပြောင်းနိုင်ရင် အဲဒီငွေကြေးတွေဟာ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးချဲ့ဖို့ ပြန်ဝင်လာနိုင်မယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံမှာဘဏ်ခွဲဖွင့်ထားတဲ့ ထိုင်းဘဏ်တွေရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ ထိုင်းနဲ့ မြန်မာကုမ္ပဏီတွေကို ချေးငွေတွေ ထုတ်ချေးပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာနဲ့ စုဆောင်းငွေတွေကို တရားဝင် ဘဏ်လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံဆီ ပြန်လွှဲပို့နိုင်ရေးနဲ့တရားမဝင် ငွေလွှဲလုပ်ငန်းတွေကို အားပေးရာမရောက်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။






