Border News Agency
လားရှိုး၊နိုဝင်ဘာ ၄။
အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲဝင်းဦးနဲ့ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Saichay Kommasithဟာ နိုဝင်ဘာလ ၃ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနယ်စပ်ဒေသတည်ငြိမ်ရေး၊မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနဲ့အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းနယ်စပ်ဒေသတွေကို အာဏာသိမ်းစစ်တပ်ထိန်းချုပ်မှုအားနည်းလာနေပြီး မဲခေါင်မြစ်ကြော င်းတလျှောက်နယ်စပ်ထိန်းချုပ်ရေးနဲ့ ကျားဖြန့်လုပ်ငန်းအမြစ်ပြတ်ရေးအသုံးပြုကာ အိမ်နီးချင်းနိုင်ငံတွေရဲ့ထော က်ခံမှုရရှိဖို့ ကြိုးပမ်းနေပါတယ်။











