Border News Agency
အုတ်ဖို၊ နိုဝင်ဘာ ၃။
ပဲခူးတိုင်းဒေသ၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်ကို အောက်တိုဘာ ၃၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးသေဆုံးခဲ့ပြီး အရပ်သားငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအုတ်ဖိုမြို့နယ်၊ဆင်ကူကျေးရွာကို အောက်တိုဘာလ ၃၁ ရက်၊ မနက် ၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်မှဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆယ်နှစ်အရွယ် လေးတန်းကျောင်းသားတဦး ဦးခေါင်းပွင့်ထွက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင် အသက်လေးဆယ်ရှစ်နှစ်နဲ့ တဆယ့်ငါးနှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်သုံးဆယ်သုံးနှစ်နဲ့ တဆယ့်ငါးနှစ်အရွယ် အမျိုးသမီးနှစ်ဦးအပြင် တခြားအမျိုးသမီးတဦးဒဏ်ရာသွားရခဲ့ပါတယ်။







