Border News Agency
မြောက်ဦး၊အောက်တိုဘာ ၂၉။
အာရက္ခတပ်တော်ဆီစစ်မှုထမ်းဖို့လာတဲ့ အသက်မပြည့်သေးသူလူငယ်နှစ်ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အောက်တိုဘာလ ၂၈ ရက်နေ့မှာ မိသားစုတွေဆီ ပြန်အပ်လိုက်ပါတယ်။
အဲဒီလူငယ် နှစ်ဦးဟာမြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှ အသက်ဆယ့်လေးနှစ်အရွယ် မောင်စိုးမင်းကိုနဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်ကျော်လင်းထွန်းတို့ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးဟာ စစ်မှုထမ်းဖို့ရောက်လာကြပေမယ့် တာဝန်ရှိသူတွေကစိစစ်ရာမှာ အသက်မပြည့်သေးတဲ့အတွက် စစ်မှုထမ်းခွင့်မပြုဘဲမိသားစုတွေဆီပြန်အပ်ခဲ့တာပါ။
အာရက္ခတပ်တော်အနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကျောင်းသားတွေကို စစ်မှုထမ်းဖို့ လက်မခံဘူးလို့ဆိုပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ဟာ ကလေးစစ်သားစုဆောင်းတာကိုလက်မခံဘဲ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ ပြ
ဋ္ဌာန်းချက်တွေကို လိုက်နာဆောင်ရွက်နေတယ်လို့ဆိုပါတယ်။








