Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၂၈။
မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး ကဏ္ဍမှာ အဆင့်မြင့်နည်းပညာနဲ့သုတေသနလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ရဲ့ အကြီးအကဲဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲအတွင်း သတ္တုစတင် တူးဖော်ထုတ်လုပ်တာကနေ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တဲ့အထိ ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် အဆင့်မြင့်နည်းပညာတွေနဲ့ ပညာတတ်လူသားအရင်းအမြစ်တွေကို အသုံးပြုပြီး သုတေသန လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ပါ ထည့်သွင်းဆွေးနွေးခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ကြုံတွေ့နေရချိန်မှာ ရုရှားနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။












