Border News Agency
ထိုင်း၊အောက်တိုဘာ ၂၈ ။
ထိုင်း-မြန်မာနယ်စပ် ၊ချင်းရိုင်ခရိုင် ၊ မဲဆိုင်နယ်စပ်ဂိတ်မှာ ထိုင်းဘတ်ငွေသုံးသန်းကျော်ကို ယူဆောင်လာတဲ့ မြန်မာအမျိုးသားတဦးကိုအကောက်ခွန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနယ်စပ်စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာလ၂၇ ရက်နေ့က ဆိုင်ကယ်နဲ့ဘတ်ငွေသုံးသန်းကျော်သယ်ယူလာတဲ့ အသက်နှစ်ဆယ့်တနှစ်အရွယ် မြန်မာအမျိုးသားတဦးကို စစ်ဆေးဖမ်းဆီးခဲ့တာပါ။
အဲဒီသူဟာ မဲဆိုင်မြစ်ကူးတံတားကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ဆိုင်ကယ်နဲ့ ဖြတ်ကူးလာခဲ့တာဖြစ်ပါတယ်။
ဆိုက်ကယ်နဲ့အတူ ဘတ်တထောင်တန်သုံးထောင်ငါးရာခြောက်ဆယ်ရွက်၊ ဘတ်ငါးရာတန်ခုနှစ်ရွက်၊ ဘတ်တရာတန် ခြောက်ဆဘ်တရွက်နဲ့ ဘတ်နှစ်ဆယ်တန် တရာသုံးဆယ်နှစ်ရွက်၊ စုစုပေါင်း ဘတ်သုံးသန်းခွဲကျော်ဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့သူကို အကောက်ခွန်ဥပဒေ၊ နိုင်ငံခြားသုံးငွေထိန်းချုပ်ရေးဥပဒေတွေနဲ့ဖမ်းဆီးခဲ့ပြီး ဥပဒေအရအရေးယူဖို့ မယ်ဆိုင်ရဲစခန်းကိုလွှဲပြောင်းထားပါတယ်။










