Border News Agency
မဲဆောက်၊ အောက်တိုဘာ ၂၃။
ထိုင်း – မြန်မာနယ်စပ်၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်၊မဲကာဆာကျေးရွာအုပ်စု၊ဘာန်မိုင်ရင်မေးကျေးရွာအနီး သောင်ရင်းမြစ်ကမ်းဘေးမှာတရားမဝင်လာတဲ့နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ပဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာလ ၂၃ ရက်၊ဒီနေ့မနက်ကနယ်မြေအတွင်း စစ်ဆေးဆောင်ရွက်နေတဲ့ ရာချမနူ စစ်ကြောင်း၊အမှတ် ၁၄၃၁ ခြေလျင်တပ်ခွဲဟာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သတင်းအရ သွားရောက်စစ်ဆေးရာမှနိုင်ငံခြားသားတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေမှာ တရုတ်နိုင်ငံသား လေး ဦး၊ အိန္ဒိယနိုင်ငံသား နှစ် ဦး၊ ပါကစ္စတန်နိုင်ငံသား တဦး၊ နိုက်ဂျီးရီးယားနိုင်ငံသား တဦး၊ ကင်ညာနိုင်ငံသား တဦး၊ ဗီယက်နမ်နိုင်ငံသား တ ဦးနဲ့ အာဖရိကနိုင်ငံသား တဦး စုစုပေါင်း နိုင်ငံခုနှစ်နိုင်ငံမှဆယ့်တဦးပါဝင်ပါတယ်။
အဲဒီနိုင်ငံခြားသားဆယ့်တဦးအား ထိုင်းစစ်တပ်က ထိန်းသိမ်းကာ ဥပဒေအရ ဆက်လက် အရေးယူနိုင်ရေးအတွက် မဲဆောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးစခန်းသို့ လွှဲ
ပြောင်းပေးထားပါတယ်။












