Border News Agency
မကွေး၊ အောက်တိုဘာ ၂၂။
မကွေးတိုင်းနဲ့ ချင်းပြည်အစပ် လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေး လမ်းကြောင်းပေါ်ရှိ လှိုင်ဒုတ်ကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ထား
ပါတယ်။
အဲဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်ခဲ့ရာမှာ တိုက်ပွဲပေါင်း ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ရွာကိုရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်စစ်တပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဘက်က သီးခြားအတည်ပြုချက် တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အဲဒီချင်းပြည်တောင်ပိုင်းကို အာဏာသိမ်းစစ်တပ်က စစ်မျက်နှာလေးခုနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လောင်းရှည်နဲ့ ကျင်ဒွေးမြို့ကို ဆက်သွယ်ထားတဲ့ လှိုင်ဒုတ်ကျေးရွာဟာ ဒေသတွင်းစစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်ပါတယ်။














