Border News Agency
ကလော၊ အောက်တိုဘာ ၂၁။
ရှမ်းပြည်တောင်ပိုင်း၊ကလောမြို့နယ်မှာ ဒေသကာလတန်ဖိုးငွေကျပ်သိန်းသုံးထောင်ခြောက်ရာတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတဆယ့်နှစ်သိန်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်၊မနက် ၉နာရီခွဲကျော်အချိန်မှာ ကလောမြို့နယ်၊အင်းပြင်ကျေးရွာရှိ အိမ်တအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ နေအိမ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား စုတဆယ့်နှစ်သိန်းကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဆေးဝါးတွေနဲ့အတူ အသက်လေးဆယ်ငါးနှစ်အရွယ် အိမ်ပိုင်ရှင်အမျိုးသားတဦးကို ကလောမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနဲ့အမှုဖွင့် အရေးယူထားပါတယ်။










