Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် နိုင်ငံရေး သတင်း အာရက္ခဒေသ

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​Border News Agency

ကျောက်ဖြူ၊ အောက်တိုဘာ ၂၀။

​ကျောက်ဖြူတိုက်ပွဲတွေမှာ အာရက္ခတပ်တော်(AA)ဆီ အလင်းဝင်လာတဲ့အာ ဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ၊အမှတ် ၁၁၈ ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်နံပါတ် (ပစ-၂၁၉၇၆၀)တပ်သား စိုးမင်းသိန်းကဆိုပါတယ်။

အဲဒီရုပ်သံကို အောက်တိုဘာ ၂၀ ရက်၊ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်တာပါ။

​ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှာ နေထိုင်သူ တပ်သားစိုးမင်းသိန်းဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကအလုပ်ကအပြန်လမ်းမှာစစ်ဆေးခံရပြီးမူးယစ်ဆေးဝါးမှုနဲ့မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။

အဲဒီနောက် ထောင်ကျခံမလား၊ စစ်မှုထမ်းမလား ခြိမ်းခြောက် ရိုက်နှက်ခိုင်းစေခံရပြီး မှော်ဘီ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ သင်တန်းတက်ရောက်ကာ ကျောက်ဖြူစစ်မျက်နှာ စနဲကုန်းတောင်စခန်းသို့ စေလွှတ်ခံခဲ့ရတာဖြစ်ပါတယ်။

​”ကျွန်တော်တို့ကျွန်းတုံးတွေ ထမ်းရတယ်။ မြောင်းတွေတူးရတယ်။မလုပ်နိုင်ရင် ကျွန်တော်တို့ကို ရိုက်တယ်။ဆဲဆို ကြိမ်းမောင်းတယ်။တော်တော်လေးလည်း ဒုက္ခရောက်ပါတယ်။ကင်းဆိုရင်လည်း ကျွန်တော်တို့ ပစတွေချည်းပဲ ထွက်ရတာပါ။ ရှေ့တန်းမှာ ဒဏ်ရာရလာသူတွေကို ထမ်းစင်တွေနဲ့ ထမ်းသွားတာလည်း နေ့တိုင်းလိုလိုပါပဲ။” လို့ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိချိန်မှာကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေနဲ့ပတ်သက်ဘို့ တပ်သား စိုးမင်းသိန်းကထွက်ဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ တပ်တွင်း ဖိနှိပ်နှိပ်စက်မှုတွေအပြင် မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေသူတွေပါ ရှိလာတာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအကြား စိတ်ဓာတ်ကျဆင်းတာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲ​ဒါကြောင့် စိုးမင်းသိန်း အပါအဝင် တပ်ဖွဲ့ဝင်တွေဟာ စနဲကုန်းစခန်းမှ ထွက်ပြေးစဉ် စစ်တပ်က သေနတ်နဲ့ လှမ်းပစ်ခဲ့ပေမယ့် လွတ်မြောက်ခဲ့ပြီး အာရက္ခတပ်တော်ဆီအလင်းဝင်ရောက်ဖို့ အကူအညီ တောင်းခံခဲ့ကြတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဒီမှာ အလင်းဝင်လိုက်ပါပြီ။ ဒီမှာ AA က ညီလို အကိုလိုပဲ ထားပါတယ်။ အေးအေးဆေးဆေး စိတ်ချမ်းသာစွာနဲ့ နေရပါတယ်။မိသားစုနဲ့ ပြန်တွေ့ချင်တယ်။ကိုယ့်အသက် မသေချင်ဘူးဆိုရင် AA ကို အလင်းဝင်ကြပါလို့ နှိုးဆော်ချင်ပါတယ်။” လို့ သူက ဆိုပါတယ်။

​အာရက္ခဒေသမှာထိုးစစ်တွေ ပြင်းထန်လာတာနဲ့အမျှ အာဏာသိမ်းစစ်တပ်က စစ်သားတွေအကြောင်းအမျိုးမျိုးကြောင့် အလင်းဝင်ရောက်မှုတွေ ဆက်တိုက်ရှိနေပြီး တပ်တွင်း ပုန်ကန်လိုစိတ်နဲ့ ထွက်ပြေးလွတ်မြောက်လိုသူတွေပိုများနေတယ်လို့ ဆိုပါတယ်။

​မိသားစုနဲ့အသက်ဘေးလုံခြုံရေးအတွက်အာရက္ခတပ်တော်ဆီ အလင်းဝင်ရောက်လာသူတွေကို အာရက္ခတပ်တော်က စောင့်ရှောက်ပေးထားပြီး လုံခြုံစိတ်ချရတဲ့နေရာသို့ ပို့ပေးထားတယ်လို့ဆိုပါတယ်။

PrevPreviousချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ
Nextရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြောNext
Previous Post

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

Next Post

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Thai News

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

October 20, 2026
​ဓာတ်ပုံ - CRPH

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

October 20, 2026
(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

October 20, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

October 20, 2026

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

ဘန်ကောက်မှာ ဆေးခြောက်တွေနဲ့ မြန်မာလုပ်သားလေးဦးဖမ်းခံရ

စစ်သုံ့ပန်းဆယ့်ခြောက်ဦး ပြည်သူ့တပ်မတော်သားအဖြစ်ခံယူ

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

Releated Post

​ဓာတ်ပုံ - CRPH

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

October 20, 2026
(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

October 20, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

October 20, 2026
ဓာတ်ပုံ - Khaosod

ဘန်ကောက်မှာ ဆေးခြောက်တွေနဲ့ မြန်မာလုပ်သားလေးဦးဖမ်းခံရ

October 20, 2026

စစ်သုံ့ပန်းဆယ့်ခြောက်ဦး ပြည်သူ့တပ်မတော်သားအဖြစ်ခံယူ

October 20, 2026

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

October 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page