Border News Agency
ဘုတလင်၊ အောက်တိုဘာ ၂၁။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို အောက်တိုဘာလ ၂၀ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးခြောက်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီကွမ်းခြံကျေးရွာကို နေ့လည် ၂ နာရီအချိန်ကမုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဟယ်လီကော်ပတာ၊စူးစိုက်ဒရုန်းတွေနဲ့ ရွယ်ရည်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ့်သုံးနှစ်၊ဆယ့်ငါးနှစ်၊ဆယ့်ခုနှစ်နှစ်အရွယ်နှစ်ဦး၊ နှစ်ဆယ့်နှစ်နှစ်နဲ့အသက်လေးဆယ်အရွယ် အမျိုးသမီးခြောက်ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ မိသားစုဝင်လေးဦးနဲ့ ညီအစ်မနှစ်ဦး ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလအတွင်းမှာတင် ဘုတလင်မြို့နယ်ကို လေကြောင်းကနေ ခြောက်ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားကိုးဦးအထိ သေဆုံးခဲ့ရပါတယ်။






















