Border News Agency
ရမ်းဗြဲ၊ အောက်တိုဘာ ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ရမ်းဗြဲမြို့နယ်ရှိ ဒီရေတောမှာ နေ့စား အလုပ်သမားအဖြစ်ထင်းသွားခုတ်တဲ့ စစ်ဘေးရှောင်အိမ်ထောင်စုခုနှစ်စုမှ အမျိုးသားခုနှစ်ဦးနဲ့ထင်းလုပ်ငန်းဦးဆောင်သူတဦးကို အာရက္ခတပ်တော်(AA) ဖမ်းဆီးထားတယ်လို့ မိသားစုတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်ဦးသောကြာဖြူ၊ မောင်မောင်ဝင်း၊အုန်းမြင့်၊ဝေသူအောင်၊ချမ်းမြေ့ထွန်း၊မောင်မြင့်သန်း၊ မင်းသစ်ထူးနဲ့ထင်းလုပ်ငန်းဦးဆောင်သူ မောင်စိုးသန်းကို ပြီးခဲ့တဲ့ဩဂုတ်လ ၂ ရက်နေ့က အာရက္ခတပ်တော်ဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ မိသားစုစားဝတ်နေရေး၊အသက်ရှင်ရပ်တည်ရေးအတွက် နေ့စားအလုပ်သမားတွေအဖြစ်ထင်းခုတ်ပေးကြာဖြစ်ပြီး စီးပွားဖြစ်ခိုးယူထင်ခုတ်ကြသူတွေမဟုတ်တာမို့ ပြန်လွတ်ပေးကြဖို့ မိသားစုဝင်တွေ တောင်းဆိုနေကြပါတယ်။
”အဖေက နေ့စားထင်းခုတ်အငှားလိုက်သွားတာပါ။ အဲနေ့ကနေ အဆက်အသွယ်မရတာ ဒီနေ့ထိပါပဲ။ ရမ်းဗြဲအချုပ်မှာလို့ ကြားပါတယ်။ခုဆိုသုံးလကျော်ပြီ။”လို့ဖမ်းဆီးခံရထားသူ ဦးသောကြာဖြူရဲ့သမီးဖြစ်သူ မမြင့်မြင့်ဝင်း Border News Agency ကို ပြောပါတယ်။
အဲဒီဦးသောကြာဖြူ အပါအဝင်ဖမ်းဆီးခံရသူရှစ်ဦးလုံးကို ရမ်းဗြဲမြို့အချုပ်မှာ ချုပ်နှောင်ထားပြီးမိသားစုဝင်တွေသွား ရောက်တွေ့ဆုံခွင့်မရကြသေးသလို သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကိုလည်းမသိကြရဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်မိသားစုတွေမှာ အဓိ ကလုပ်ကိုင်ရှာဖွေသူတွေအဖမ်းခံရတာမို့ မိသားစုစားဝတ်နေရေးအခက်ခဲဆုံးအခြေအနေတွေကို ကြုံတွေ့ရင်ဆိုင်နေကြရပြီး ဦးအုန်းမြင့်ရဲ့ကလေးနှစ်ဦးအပါအဝင် ကလေးငယ်တချို့ကျောင်းထွ က်လိုက်ရတယ်လို့လည်း မိသားစုဝင်တွေက ဆိုကြပါတယ်။
“ယောကျ်ားအဖမ်းခံရတော့ မိသားစုစားဝတ်နေရေးက တော်တော်ကို မပြေလည်ဖြစ်သွားပါပြီ။ ကလေးကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” လို့ ဖမ်းဆီးခံထားရသူ ဦးဝေသူအောင်ရဲ့ ဇနီးဖြစ်သူ မခင်မေသန်းက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်မိသားစုဝင်တွေဟာ နေ့စဥ်စားဝတ်နေရေးအတွက်နေ့စဥ်အခက်ခဲဆုံးရုန်းကန်နေကြရသူတွေမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလူသား ချင်းစာနာထောက်ထားပြီး ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုနေကြပါတယ်။
အဲဒီရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်ထိန်းချုပ်ထားပေမယ့် ဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်
တွေဟာ အလုပ်အကိုင်ရှားပါးပြီး နေ့စ ဉ်စားဝတ်နေရေးအတွက် အခက်ခဲဆုံးရုန်းကန်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် မိသားစုအသက်ရှင်ရပ်တ ည်ရေး၊စားဝတ်နေရေးအတွက်တောတောင်တွေနဲ့ ဒီရေတောတွေကို နေ့စားထင်းခုတ်တာတွေလုပ်တွေကြရပြီး စီးပွားဖြစ်ခိုးထုတ်နေတာတွေ၊ ဒေသအာဏာပိုင်တွေရဲ့ပါဝင်မှုတွေကိုသာ စုံစမ်းဖော်ထုတ်အရေးယူသင့်တယ်လို့ ရမ်းဗြဲဒေသခံတွေကဆိုကြပါတယ်။










