Border News Agency
မီဇိုရမ်၊ အောက်တိုဘာ ၂၂ ။
အိန္ဒိယ-မြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်ခရိုင်၊ ငူရ်ကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်၊ဒီနေ့ မနက် ၆ နာရီမှာ မူးယစ်ဆေးဝါးဘန်းတရာနဲ့အတူ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံခဲ့ပါတယ်။
မူးယစ်ဆေးဝါးရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ပူးပေါင်းပြီး သတင်းအရသွားရောက်ရှာဖွေရာမှာ အဲဒီမူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းခံရသူက မြန်မာနယ်စပ်ဘူးလ်ဖဲခ်ကျေးရွာမှာနေထိုင်တဲ့ အသက်သုံးဆယ်အရွယ်နန်းလမ်လျန်ဆိုသူဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၁(c) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တဆယ့်နှစ်ကနေ နှစ်ဆယ်အထိခံရနိုင်ပြီး ငွေဒဏ်ရူပီတသိန်းကနေ နှစ်သိန်းအထိချမှတ်ခံရနိုင်ပါတယ်။






